၂၀ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
Nc
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့် Royal D တို့ ပူးပေါင်းကျင်းပသည့် MFF-Royal D U15 Youth League 2026 လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသက် ၁၅ နှစ်အောက် လူငယ်ကစားသမားများအတွက် ရည်ရွယ်ပြီး တနိုင်ငံလုံးကို ဇုန်ကြီး (၄)ဇုန်ခွဲကာ ကျင်းပလျက်ရှိပါတယ်။
ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် ဇုန်များအဖြစ် ဇုန်အလိုက် အမှတ်ပေးစနစ်ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင်ရမှာဖြစ်ကာ ရန်ကုန်ဇုန် တွင် အသင်း (၂၀) ကျန်တဲ့ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်ဇုန် တွေကတော့ အသင်း (၈)သင်းစီ ပါဝင်ကာ နှစ်ကျော့စနစ်ဖြင့် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမှာပါ။
တောင်ကြီးဇုန်းမှာ ပါဝင်နေတဲ့ Eastren Shan (တာချီလိတ် အကယ်ဒမီ)အသင်းက (၂)ပွဲ ကစား (၂)ပွဲ နိုင် ဂိုးကွာခြားချက် (၆) ဂိုးနဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။
ဇုန်အဆင့်ပြိုင်ပွဲများ ပြီးဆုံးပါက ရန်ကုန်ဇုန်မှ ထိပ်ဆုံး (၄) သင်း၊ နယ်ဇုန်များမှ ပထမရအသင်း (၃)သင်းနှင့် နယ်ဇုန်များအနက် အမှတ်အများဆုံးရ ဒုတိယနေရာအသင်း (၁) သင်း စုစုပေါင်း (၈) သင်း ကို နောက်ဆုံး အဆင့် ချန်ပီယံလုပွဲ ကစားရမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ၂၀၂၆ ဇွန်လလယ်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ဒီဇင်ဘာမှာ ပြိုင်ပွဲ အိမ်ကွင်း အဝေးကွင်း (၂)ကျော့ ကစားမှုပြီးဆုံးပြီး ဖိုင်နယ်ပွဲစဉ်ကိုတော့ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း / Yangon United Sports Complex မှာ ကစားဖို့ အလားအလာဘ ရှိတယ်လို့ သိရပါတယ်။

