Language:

ရေကြီးမှုများကို အကြောင်းပြပြီး ဆန်စျေးမတတ်ဖို့ သတိပေး .


ရေကြီးမှုများကို အကြောင်းပြပြီး ဆန်စျေးမတတ်ဖို့ သတိပေး .

၁၉ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media)

ကြည်ညို

ရေကြီးနစ်မြုပ်မှုများကို အကြောင်းပြပြီး ဆန်စျေးနှုန်းကို တင်ပြီးရောင်းချခြင်းမပြုလုပ်ဖို့နဲ့ ဆန်စျေးနှုန်းတည်ငြိမ်ရေးကို ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation-MRF)က ထုတ်ပြန်လိုက်ပါတယ်။

အခုနှစ် နွေစပါးနဲ့ ယခင်နှစ်က မိုးစပါးရာသီမှ ထွက်သော စပါးဟောင်း၊ ဆန်ဟောင်းများကို ကြိတ်ခွဲ ထုတ်လုပ်ကာ ဖြန့်ဖြူး ရောင်းချပေးနေဆဲ ဖြစ်သောကြောင့် ယခုနှစ်ကုန်အထိ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ကို အခက်အခဲ မရှိနိုင်တာကြောင့် စျေးတင်ရောင်းချခြင်းမပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဆန်စက်များ၊ ကုမ္ပဏီများနှင့် ဆန်ကုန်သည်/ ပွဲရုံတွေဟာ ဝယ်ယူသိုလှောင်ထားတဲ့ စပါးများကို ကြိတ်ခွဲရောင်းချခြင်းဖြစ်လို့ စျေးနှုန်းကိုတိုးမြှင့်ပြီး ရောင်းချရန်မလိုအပ်တာကြောင့် စျေးနှုန်းကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တာပါ။

ရေဘေးသင့်ဒေသများကို ဖြန့်ဝေမည့်ပရဟိတအဖွဲ့အစည်းများ အခြားသော လူမှုရေးအဖွဲ့အစည်းများအတွက် ဆန်တစ်အိတ်လျှင် (၇၀၀၀၀) ကျပ်ဖြင့် ရောင်းချပေးမယ်လို့လည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြင်ပစျေးကွက်အတွင်း ရောင်းချမှုအဖြစ် နေပြည်တော်နှင့် ရန်ကုန်တိုင်းတွင် ရွှေဘိုပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တအိတ်လျှင် ကျပ်နှစ်သိန်း၊ ဧရာဝတီပေါ်ဆန်း (၂၄ ပြည် – ၁၀၈ ပေါင်) တအိတ်လျှင် တသိန်းခွဲကျပ်နှုန်းဖြင့် ရောင်းချပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခြင်းနှင့် သက်သာသော ဈေးများဖြင့် ရောင်းချပေးမည့် အစီအစဉ်အသေးစိတ်ကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ဈေးကွက်

#ဆန်စပါးအသင်းချုပ်

#ကုန်ဈေးနှုန်း

#သဘာဝဘေး

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin