၁၈ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇမ်ဘိုအန်ဂါမြို့ တက္ကသိုလ်နှင့် တွဲဖွင့်ထားတဲ့အထက်ကျောင်းတစ်ခုမှာ ဒီနေ့ ဩဂုတ်လ (၁၈)ရက်နေ့ မနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား (၂) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါပစ်ခေတ်ခဲ့တဲ့ကျောင်းက Grade 9 ကျောင်းသားတစ်ဦးလို့သိရကာ ရင်ဘတ်မှာ ကင်မရာတစ်လုံးကို live လွှင့်တပ်ဆင်ထားပြီး ဂိမ်းတွေထဲက ပုံစံတူသေနတ်တစ်လက်ကို ကိုင်ဆောင်ပြီး မြင်သမျှ အကုန်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနှောက် ရဲတပ်ဖွဲ့တွေရဲ့ စစ်ဆေးချက်အရ ပစ်ခတ်ခဲ့တဲ့ကျောင်းသားဟာ မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ကာ သေဆုံးသွားခဲ့တယ်လို့သိရပြီး ကျောင်းဝန်းအတွင်း စာသင်ခန်းထဲနှင့် ကျောင်းဆောင် (၅)လွှာ အတက်လှေကားတစ်ခုမှာ သေဆုံးနေတဲ့ ကျောင်းသား (၂) ဦးကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ ကျောင်းသားတချို့ကို မိဘလက်ထဲပြန်အပ်ပေးခဲ့ပြီး တစ်ချို့ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးကာ ဒဏ်ရာရသူ ကျောင်းသားအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
ဖိလစ်ပိုင်မှာ အခုလို ကျောင်းတွင်းဖြစ်ရပ်တွေက မကြာခဏ ဖြစ်လေ့ရှိပြီး ယခုပစ်ခတ်မှုဖြစ်ပွားတဲ့ ကျောင်းက တက္ကသိုလ်ရော အထက်တန်းကျောင်းတွေပါရှိတဲ့ ကိုယ်ပိုင် ကျောင်းဝန်းကြီးတစ်ခုလို့လည်း သိရပါတယ်။

