Language:

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေးစနစ်ဖြင့် အစားထိုးရန်တိုက်တွန်း


တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးကို ငြိမ်းချမ်းရေးစနစ်ဖြင့် အစားထိုးရန်တိုက်တွန်း

၁၆ ဩဂုတ် ၂၀၂၆ (Eastern ThanLwin)

Nc

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က စနေနေ့တွင် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများပြုလုပ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှာဖွေကြရန် ထို့အပြင် ပဋိပက္ခများ ဖြစ်ပွားမလာစေရန် အကာအကွယ်အစီအမံများ ချမှတ်သွားရန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားကျွန်းဆွယ်တွင် လက်ရှိတည်ရှိနေသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(Armistice) ကို “ငြိမ်းချမ်းရေးစနစ် (Peace Regime)”ဖြင့် အစားထိုးရန် လိုအပ်ကြောင်း၊ ကိုရီးယားနှစ်နိုင်ငံအနေဖြင့် အတူယှဉ်တွဲနေထိုင်ရေးအတွက် တစ်စားပွဲတည်းတွင် ထိုင်ပြီး ဆွေးနွေးသင့်ကြောင်း ဂျပန်ရဲ့ ကိုလိုနီအုပ်ချုပ်မှုမှ ကိုရီးယားလွတ်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် သမ္မတလီက တိုက်တွန်းပြောဆိုခဲ့တယ်လို့ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဆွေးနွေးမှုများအတွင်း မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းရည်ကို ထိန်းချုပ်လျှော့ချနိုင်မည့် ထိရောက်သော နည်းလမ်းများကိုလည်း ရှာဖွေနိုင်ကြောင်း၊ တောင်ကိုရီးယားအနေဖြင့် တင်းမာမှုများ လျော့ကျစေရန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို ထိန်းချုပ်နိုင်ရန် အဆင့်ဆင့်သော အကာအကွယ်စနစ်များ တည်ဆောက်သွားမည်ဟုလည်း သမ္မတ လီက ပြောဆိုခဲ့ပါတယ်။

သမ္မတလီ၏ ယခုတိုက်တွန်းချက်သည် ပြီးခဲ့သည့်နှစ်က ၎င်းက ပြောကြားခဲ့သည့် မြောက်ကိုရီးယား၏ အုပ်ချုပ်ရေးစနစ်ကို လေးစားပြီး မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ကြိုးပမ်းမည်ဆိုသည့် ကတိကဝတ်အပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအကြား ဆက်ဆံရေးမှာ တင်းမာပြီး ရပ်တန့်နေဆဲဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး မူဝါဒကို စွန့်လွှတ်ထားပြီး တောင်ကိုရီးယားကို “အလွန်အမင်း ရန်လိုသော နိုင်ငံ” အဖြစ် သတ်မှတ်ထားကာ ရှေ့တန်းကာကွယ်ရေးများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် အမိန့်ပေးထားတယ်လို့ သိရှိရပါတယ်။

၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်း မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေးဖြင့်သာ ရပ်တန့်ခဲ့ခြင်း ဖြစ်ပါတယ်။

#ငြိမ်းချမ်းရေး

#အပြစ်အခတ်ရပ်စဲရေး

#ကိုရီးယားကျွန်းစွယ်

#သမ္မတ

#တောင်မြောက်ခေါင်းဆောင်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin