Language:

ဒုဌဝတီနဲ့ ဧရာဝတီမြစ်ရေတက်လို့ အမရပူရက ကျေးရွာတွေ ရေဝင်နစ်မြုပ်


ဒုဌဝတီနဲ့ ဧရာဝတီမြစ်ရေတက်လို့ အမရပူရက ကျေးရွာတွေ ရေဝင်နစ်မြုပ်

၁၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

မန္တလေးတိုင်း အမူရပုရမြို့နယ်ထဲက ကျေးရွာအချို့မှာ ဒုဌဝတီနဲ့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အရေးပေါ် ရွေ့‌ပြောင်းတာတွေ လုပ်ဆောင်ပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ဒီကနေ့ ဩဂုတ် (၁၀)ရက် မနက်ပိုင်းတည်းကစပြီး အမရပူရမြို့နယ်ထဲက တောင်ကိုင်းကျေးရွာ၊ ဖရဲကျွန်းကျေးရွာနှင့် ရွှေလေးကျေးရွာတို့တွင် ရေဝင်နေတာဖြစ်ပြီး အမရပူရမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းမှာလည်း ဆည်တော်ကြီးရေလှောင်တမံက ရေလွှတ်နေတာကြောင့် ကျေးရွာတချို့ ရေဝင်နစ်မြုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဆည်တော်ကြီးက ရေမလွှတ်မီ အနီးကကျေးရွာတွေကို ကြိုတင်ရှောင်ရှားဖို့ သတိပေးတာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက် (၅)ခု၊ ကျေးရွာပေါင်း (၁၃၀)ကျော် ရေဝင်နစ်မြုပ်လျက်ရှိပြီး လူပေါင်း(၁၅၀၀၀) ကျော်ရေဘေးဒဏ် ခံစားနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

#သဘာဝဘေး

#ရေဘေးအန္တရာယ်

#အမရပူရ

#မန္တလေးတိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin