Language:

ပလက်ဖောင်းပေါ်ဈေးရောင်းချမှုနှင့် ဆိုင်းဘုတ်များချထားမှုကြောင့် တာချီလိတ်မှာ လမ်းသွားလမ်းလာသူများ သွားလာရခက်ခဲနေ


ပလက်ဖောင်းပေါ်ဈေးရောင်းချမှုနှင့် ဆိုင်းဘုတ်များချထားမှုကြောင့် တာချီလိတ်မှာ လမ်းသွားလမ်းလာသူများ သွားလာရခက်ခဲနေ

၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media )

ကိုရဲ

တာချီလိတ်မြို့ရှိ လမ်းမကြီးတစ်ချို့နေရာတွေမှာ ပလက်ဖောင်းပေါ်တွင် အချို့ဈေးသည်များက ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများခင်းကျင်း ရောင်းချမှုများကြောင့် လူသွားလမ်းများ ပိတ်ဆိုနေပြီး ပြည်သူများမှာ ကားလမ်းမပေါ်သို့ လမ်းဆင်းလျှောက်နေရသည့် အခြေနေများဖြစ်ပေါ်နေကြောင်း ဒေသခံတွေက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

“ပြည်သူသွားလမ်းကို စနစ်တကျလုပ်ပေးစေချင်တယ် ယာဥ်သွားလမ်းပေါ်ကလျှောက်တာနဲ့ ပလက်ဖောင်းပေါ်ကလျှောက်တာနဲ့က မတူဘူး ပလက်ဖောင်းပေါ်ကလျှောက်တာက တော်ရုံတန်ရုံ ကားဆိုင်ကယ်ဝင်မတိုက်နိုင်ဘူး ယာဥ်သွားလမ်းပေါ်ကလျှောက်မယ်ဆိုရင်တော့ အန္တရာယ်ဖြစ်နိုင်ခြေရှိတယ်လို့” တာချီလိတ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။

ပလက်ဖောင်းများပေါ်တွင် အချို့ဈေးဆိုင်များက ဆိုင်းဘုတ်များကို လူသွားလမ်းဘက်သို့ နေရာယူထားခြင်းကြောင့် လူသွားလမ်းများ ကျဥ်းမြောင်းသွားကာ လမ်းလျှောက်သူများ ယာဥ်သွားလမ်းပေါ်တွင် လမ်းလျှောက်နေရသည့် အခက်ခဲများ ကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

လူသွားလမ်းများဖြစ်တယ့် ပလက်ဖောင်းပေါ်တွင် ဆိုင်းဘုတ်နှင့် ဈေးရောင်းသူများကို စနစ်တကျ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာတာဝန်ရှိဌာများက စိစစ်ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

#ပလက်ဖေါင်း

#စည်းကမ်းမဲ့

#ဈေးရောင်းချ

#လူသွားလမ်း

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin