၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin Media )
ကြည်ညို
ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမပေါ် ရှိ CB ဘဏ်၏ ATM စက်မှာ ငွေထုတ်ယူလာအပြီးအထွက်မှာ ၀င်ရောက် လုယက်သူအမျိုးသားဆိုသူကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့တဲ့တယ်လို့ သိရပါတယ်။
ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (အလယ်)ရှိ CB Bank ၏ ATM စက်အနီးမှာ ဒီနေ့ သြဂုတ်လ (၇)ရက်နေ့ မွန်းလွဲပိုင်းမှာဖြစ်ပွားခဲ့တာပါ။
CB Bank ATM စက်တွင် လူတစ်ဦး ငွေထုတ်ပြီး ပြန်အထွက်၌ အသက် (၃၀)၀န်းကျင် အမျိုးသားတစ်ဦးက ၀င်ရောက်ပြီး စတင်လုယက်ခဲ့ရာ ပြန်လည်ခုခံစဥ် အနီးအနားရှိ လုံခြုံရေး ၀န်ထမ်းများက ၀င်ရောက်ကူညီဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
ထိုသို့ရုန်ရင်းဆန်ခတ်ဖြစ်နေစဥ် လုံခြုံရေး၀န်ထမ်းများနဲ့အတူ အနားရှိ ပြည်သူအချို့ကလည်း ဝိုင်း၀န်းကူညီဖမ်းဆီးခဲ့မှုကြောင့် လုယက်သူကို မိနစ်ပိုင်းအတွင်းဖမ်းဆီးနိုင်ခဲ့ကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အနီးအနားပတ်၀န်းကျင်ကမူ စတင်ဖြစ်ပွားစဥ် အချင်းချင်းရန်ဖြစ်နေသည်ဟုသာ ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းမှသာ လုယက်မှုကိုပြည်သူတွေက ဝိုင်း၀န်း ဖမ်းဆီးနေခြင်းကို သိရှိခဲ့တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
လုယက်သူကိုဖမ်းဆီးမှုအတွင်း CB Bank ၏ ATM မှန်ကွဲအက်ထိခိုက်မှုရှိခဲ့တယ်လို့လည်း သိရပါတယ်။
လုယက်မှုဖြစ်ပွားပြီးနောက် အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့၀င်များလည်းရောက်ရှိလာခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

