၆ သြဂုတ်လ ၂၀၂၆(Eastern Thanlwin)
ဇင်ကြီး
ကျိုင်းတုံမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ ခိုး၊ ဆိုး၊ လုယက်မှုများ ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်အရေးယူ ဆောင်ရွက်လိုက်တယ်ဆိုပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျိုင်းတုံမြို့အတွင်း ဆိုင်ကယ်ခိုးမှုများကို ဇူလိုင်လအတွင်း ၆ မှုထက်မနည်း စုံစမ်းဖမ်းစီးရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်များကို ဆိုင်ကယ်ပိုင်ရှင်များထံ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည်ပေးအပ်သွားမယ်လို့လည်း သိပါတယ်။
အရှေ့သံလွင်သတင်းဌာန ကျိုင်းတုံမြို့မှ ဒုရဲအုပ်ဟိန်းထက်ကို ဆက်သွယ်မေးမြန်းချိန်မာတော့ “ဟုတ်တယ်ခင်ဗျ ဆိုင်းကယ်သူခိုးတွေကို အရေးယူဆောင်ရွက်ထားပါတယ်။အခုမှမဟုတ်ပါဘူး။ အရင်ကတည်းက အမှုဖွင့်ထားတာတွေလည်း ရှိပါတယ်။ အခုတော့ ကျွန်တော်မအားသေးဘူး ခဏနေဖုန်းပြန်ဆက်သွယ်ပေးပါမယ်လို့” အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ကျိုင်းတုံမြို့တွင် ခိုး၊ ဆိုး၊ လုယက်မှုများ တစ်နေ့ထက်တစ်နေ့ တစ်ဆထက်တစ်ဆ ပိုမိုများပြားလာပြီး ဒေသခံတွေအနေနဲ့လည်း စိုမ်းရိမ်မှုတွေရှိနေတဲ့အပေါ် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

