Language:

ဘာရိန်းရှိ အမေရိကန်ရေဒါစခန်းကို အီရန် ဒရုန်း ၆ စင်းဖြင့် တိုက်ခိုက်


ဘာရိန်းရှိ အမေရိကန်ရေဒါစခန်းကို အီရန် ဒရုန်း ၆ စင်းဖြင့် တိုက်ခိုက်

၁၅ နိုဝင်ဘာ ၂၀၂၆ (Eastern Thanlwin)

IM

ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေဒါစခန်းကို အီရန်တော်လှန်ရေးအစောင့်တပ်က ဒရုန်း ၆ စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဘာရိန်းကာကွယ်ရေးတပ်ဖွဲ့က အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအချို့ကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အီရန်နိုင်ငံပိုင်ရုပ်သံရဲ့ ဖော်ပြချက်အရ အယ်လ်ရစ်ဖာ ရဟတ်ယာဉ်အခြေစိုက်စခန်းရှိ အမေရိကန်လေကြောင်းကာကွယ်ရေးရေဒါကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ဘာရိန်းနိုင်ငံမှာ ပေါက်ကွဲသံတွေကြားခဲ့ရပြီး သတိပေးဥသြသံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဘာရိန်းပြည်ထဲရေးဝန်ကြီးဌာနက နေထိုင်သူတွေကို အနီးဆုံးလုံခြုံရာနေရာတွေမှာ ခိုလှုံကြဖို့ သတိပေးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ကလည်း အမြင့်ဆုံးသတိပေးအဆင့်နဲ့ စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အီရန်ဟာ သောကြာနေ့ကလည်း ဘာရိန်းရှိ အမေရိကန်ရေဒါစခန်းတစ်ခုကို ဖျက်ဆီးခဲ့တယ်လို့ ပြောဆိုခဲ့ပေမဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။

တစ်ဖက်မှာ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ဂါလီဘက်က အမေရိကန်နဲ့ ညှိနှိုင်းဖို့ဖြစ်စေ၊ စစ်တိုက်ဖို့ဖြစ်စေ အီရန်အသင့်ရှိနေတယ်လို့ ပြောကြားထားပါတယ်။

အီရန်ရဲ့ တောင်းဆိုချက် ၇ ချက်ကို အမေရိကန်က လက်ခံမယ်ဆိုရင် သဘောတူညီမှုရရှိနိုင်တဲ့ လမ်းကြောင်းရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးမှု လုံးဝမရှိဘူးလို့ ပြောထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

#အမေရိကန်ရေဒါစခန်း

#အီရန်တော်လှန်ရေး

#လေကြောင်းတိုက်ခိုက်မှု

#နိုင်ငံခြားရေးဝန်ကြီး

#အစ္စရေး

ဆက်စပ်သတင်းများ

Eastern Thanlwin