Language:

ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲလက်မှတ်ထုတ်ရမယ့် ရက်နဲ့ သံရုံးတွေကို ပို့ရမယ့်ရက် ထုတ်ပြန်


ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲလက်မှတ်ထုတ်ရမယ့် ရက်နဲ့ သံရုံးတွေကို ပို့ရမယ့်ရက် ထုတ်ပြန်

၁၁ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ ပုံစံ ၁၅ ထုတ်ယူရမယ့် ရက်နဲ့ ပုံစံ ၁၅ ကို ဖြည့်သွင်း ပြီး သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမယ့် ရက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။

ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ တွေကို သက်ဆိုင်ရာသံရုံးတွေမှာ နိုဝင်ဘာ ၁၁ ရက်က စတင်ပြီး ထုတ်ယူနိုင်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နဲ့ သက်ဆိုင်ရာသံရုံး Website တွေမှာလည်း Download ရယူနိုင်တယ်လို့ ဆိုပါတယ်။

အချက်အလက်ဖြည့်သွင်းပြီး ပုံစံ ၁၅ တွေကို နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂ အတွင်း သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမှာဖြစ်ပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ပြုလုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၅ ရက်နေ့က ကြေညာခဲ့ပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ နေရာနဲ့ တိုင်း ဒေသကြီးမဲဆန္ဒနယ် ၁၆ နေရာဖြစ်ပါတယ်။

အဆိုပါ လစ်လပ်မဲဆန္ဒနယ်တွေအတွက် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေအနေနဲ့ မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) နဲ့ ယှဉ်ပြိုင်ကြရမှာလည်း ဖြစ်ပါတယ်။

#ပြည်ပရောက်မဲဆန္ဒရှင်

#ကြိုတင်မဲလက်မှတ်

#သံရုံး

#ပြည်သူ့လွှတ်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin