၁၁ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီက အောင်မြတ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို ဦးစိုင်းထွန်းစိန်အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ လူမှုရေးအသင်းအဖွဲ့ဝင်တွေအပါအဝင် လူဦးရေ ၁၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။

