၈ နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)
စွန်ရဲ
တာချီလိတ်မြို့က ရေစီးဆင်းရာ ရေချောင်းတွေအတွင်း စုပုံနေတဲ့ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးဌာနက ဝန်ထမ်းများနှင့် စက်ယန္တရားများ အသုံးပြုကာ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း စည်ပင်သာယာရေးဌာနကသိရပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် စက်ယန္တရားများ အသုံးပြုပြီး ချောင်းအတွင်းရှိ စုပုံနေတဲ့အမှိုက်များကို အရာများကို ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
“ နန့်ယွန်းချောင်း၊ ဆန်ဆိုင်းဈေးနားက ချောင်း နဲ့ ပုံလို့လမ်းနားက (၁၂)လမ်းချောင်းတို့တွေ ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့” စည်ပင်သာယာရေးဌာနက ကိုဇော်ထက်က အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
ချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ မပြုလုပ်ကြရန် ဒေသခံပြည်သူများအား နဲ့ စျေးရောင်းနေသူတွေကိုလည်း အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် ပြောကြားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က အဆိုပါချောင်းများအတွင်း အမှိုက်များ စုပုံပိတ်ဆို့နေမှုကြောင့် င့် အနံ့ဆိုးများ ထွက်ပေါ်နေခဲ့ကြောင်း ဒေသခံများက အရှေ့သံလွင်မီဒီယာသို့ ပြောဆိုထားတာဖြစ်ပါတယ်။

