၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
IM
ပါရာဂွေးနိုင်ငံ အထက်လွှတ်တော်က သမ္မတ ဆန်တီယာဂို ပင်ညာကို နိုဝင်ဘာ ၆ ရက်မှာ ရာထူးမှ ဖယ်ရှားဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချထားလိုက်ပါတယ်။
အထက်လွှတ်တော်မှာ တက်ရောက်လာတဲ့ အမတ် ၄၄ ဦးစလုံးက ရာထူးမှဖယ်ရှားရေးကို ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ပင်ညာဟာ ယုံကြည်မှုချိုးဖောက်မှု၊ ဩဇာအာဏာ အလွဲသုံးစားလုပ်မှုနဲ့ ရာထူးကို ကိုယ်ကျိုးအတွက် အသုံးပြုမှုတို့နဲ့ စွပ်စွဲခံထားရပြီး အပြင်းထန်ဆုံး စွဲချက်တွေအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဒီအရေးအခင်းဟာ နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးဘဏ်ဖြစ်တဲ့ ယူနိုဘဏ် ပြိုလဲမှုနဲ့ ဆက်စပ်နေပါတယ်။
ဘဏ်ပြိုလဲမှုကြောင့် အပ်နှံသူ ၃ သန်းခန့်ရဲ့ ဘဏ်စာရင်းတွေ ပိတ်သွားခဲ့ပြီး အစိုးရနဲ့ ပင်စင်ရန်ပုံငွေ ဒေါ်လာသန်းရာနဲ့ချီလည်း ထိခိုက်ခဲ့ပါတယ်။
ပင်ညာဟာ ဘဏ်ကို ထိန်းချုပ်တဲ့ ကုမ္ပဏီမှာ အစုရှယ်ယာရှိခဲ့ဖူးသလို ဘဏ်အမှုဆောင်ဟောင်းတစ်ဦးကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့တာကြောင့်လည်း ဝေဖန်စွပ်စွဲခံခဲ့ရပါတယ်။
ဒုသမ္မတ ပတ်ဒ်ရို အလီယာနာက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ် ဩဂုတ်လအထိ ကျန်ရှိသက်တမ်းကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ပင်ညာဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပါရာဂွေးနိုင်ငံမှာ ရာထူးမှ ဖယ်ရှားခံရတဲ့ ဒုတိယမြောက် သမ္မတဖြစ်လာပါတယ်။

