Language:

ထိုင်းတောင်ပိုင်းတွင် မလေးရှားနိုင်ငံသား ၅၆ ဦး ထောင်ကျနေ


ထိုင်းတောင်ပိုင်းတွင် မလေးရှားနိုင်ငံသား ၅၆ ဦး ထောင်ကျနေ

၇ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်များတွင် မလေးရှားနိုင်ငံသား အနည်းဆုံး ၅၆ ဦး ထောင်ဒဏ်ကျခံနေရပြီး ၎င်းတို့အနက် ၄၄ ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း ဆုန်ခလာမြို့ရှိ မလေးရှားကောင်စစ်ဝန်ချုပ် အာမက် ဖာမီ အာမက် ဆာကာဝီက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

အကျဉ်းသားများအနက် တစ်ဦးမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခံထားရပြီး တစ်ဦးမှာ လူသတ်မှုဖြင့် သေဒဏ်ရင်ဆိုင်နေရသည်။ အခြားသူများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် ဘဏ်အကောင့်ငှားရမ်းပေးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု၊ ခိုးမှုနှင့် လက်နက်မှုတို့ ပါဝင်သည်။

၎င်းတို့ကို ထိုင်းတောင်ပိုင်းရှိ အကျဉ်းထောင် ၆ ခုတွင် ခွဲထားပြီး နာရာထီဝပ်အကျဉ်းထောင်၌ ၃၀ ဦးဖြင့် အများဆုံးရှိသည်။ အကျဉ်းသားများ၏ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁ နှစ်မှ ၃၇ နှစ်အထိရှိကြောင်း သိရသည်။

အဆိုပါစာရင်းမှာ စက်တင်ဘာ ၃ ရက်အထိ ရရှိထားသည့် အချက်အလက်များဖြစ်ပြီး အကျဉ်းထောင်အားလုံးထံမှ စာရင်းမရရှိသေးသဖြင့် အမှန်တကယ်အရေအတွက် ပိုများနိုင်ကြောင်း ကောင်စစ်ဝန်ချုပ်က ပြောသည်။

မလေးရှားကောင်စစ်ဝန်ရုံးသည် အကျဉ်းသားများကို ပုံမှန်သွားရောက်တွေ့ဆုံကာ မိသားစုများနှင့် ဆက်သွယ်နိုင်ရေး၊ လွတ်မြောက်လာသူများ နေရပ်ပြန်နိုင်ရေးတို့အတွက် ကူညီပေးနေကြောင်း Malay Mail နှင့် Utusan Malaysia တို့တွင် ဖော်ပြထားသည်။

#Thailand

#Malaysia

#DrugTrafficking

#OnlineScams

ဆက်စပ်သတင်းများ

Eastern Thanlwin