Language:

တာချီလိတ်မြို့ပေါ်ရပ်ကွက်များ ရေပိုက်လိုင်းထိခိုက်မှုကြောင့် ရေခေတ္တပြတ်တောက်မည်


တာချီလိတ်မြို့ပေါ်ရပ်ကွက်များ ရေပိုက်လိုင်းထိခိုက်မှုကြောင့် ရေခေတ္တပြတ်တောက်မည်

၃ ရက် နိုဝင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မြို့ပြင်မှ မြို့တွင်းသို့ သွယ်တန်းထားတဲ့ အဓိကရေပိုက်လိုင်းကြီးမှာ မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း တာချီလိတ်မြို့ရေပေးဝေရေး ကုမ္ပဏီမှ အသိပေးကြေညာထားပါတယ်။

အဆိုပါရေပိုက်လိုင်း ထိခိုက်မှုကြောင့် မြို့တွင်းသို့ ရေပို့ဆောင်ရာမှာ အခက်အခဲရှိနေပြီး လက်ရှိမှာ ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကာ ပြုပြင်ပြီးစီးတာနဲ့ ရေပြန်လည်ဖြန့်ဝေပေးသွားမယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

#တာချီလိတ်

#ရေပေဝေရေး

#ရေပိုက်လိုင်း

ဆက်စပ်သတင်းများ

Eastern Thanlwin