Language:

တရားမဝင်ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်း ၆ ကျောင်းကို အရေးယူထား


တရားမဝင်ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်း ၆ ကျောင်းကို အရေးယူထား

၂ နိုဝင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

ပုဂ္ဂလိကကျောင်းဖွင့်ခွင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း မရှိဘဲ တရားမဝင်ဖွင့်ထားတဲ့ ကျောင်းတွေကို တရားစွဲဆို အရေးယူထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ရဲ့ ပြောဆိုပါတယ်။

နိုဝင်ဘာ ၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥပဒေမဲ့ဖွင့်ထားတဲ့ ပုဂ္ဂလိကပိုင်ကျောင်းတွေကို အရေးယူပေးဖို့နဲ့ တ ရားဝင်ဖွင့်ထားတဲ့ ကျောင်းတွေကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ ပုဂ္ဂလိကျောင်းမှတ်ပုံတင်လက်မှတ်မလျှောက်ဘဲ တရားမဝင်ဖွင့်နေတဲ့ ကျောင်းတွေကို ကွင်းဆင်းစစ်ဆေးမှုအရ ပုဂ္ဂလိက ကျောင်း ၆ ကျောင်းကို တရားစွဲဆို အရေးယူထားပါတယ် ” လို့ ဦးနေမျိုးလှိုင်က ပြောပါတယ်။

၂၀၂၃ ခုနှစ် ပုဂ္ဂလိကပညာရေးဥပဒေအရ မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဖွင့်ခွင့်ပြုမထား သလို ပြဌာန်းချက်ကို ဖောက်ဖျက်ရင် ထောင်ဒဏ်အနည်းဆုံး တစ်နှစ်ကနေ အများဆုံး နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်း ဆုံး ကျပ်သိန်း ၃၀၀ ကနေ ၅၀၀ ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

တရားဝင်ဖွင့်လှစ်ထားတဲ့ ကျောင်းတွေအနေနဲ့လည်း ၂၀၂၃ ခုနှစ် ပုဂ္ဂလိကပညာရေးဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ အချက်တွေကို လိုက်နာရမှာဖြစ်ပြီး လိုက်နာဖို့ပျက်ကွက်ရင် စာနဲ့ သတိပေးတာ၊ ဒဏ်ငွေရိုက်တာ၊ ကျောင်းမှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းတာ၊ ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်တာ၊ ကျောင်းမှတ်ပုံတင် လက်မှတ်ကို ပယ်ဖျက်ပြီး အမည်ပျက်စာရင်းသွင်းတာ စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

“ အခုလို တရားဝင်ဖွင့်တဲ့ ကျောင်းတွေမှာလည်း ခွင့်ပြုချက်ထက်ကျော်လွန်ပြီး ဘွဲ့၊ ဒီဂရီ ပေးခဲ့တဲ့အတွက် ပုဂ္ဂလိကကျောင်း (စင်တာ) တစ်ကျောင်းကိုလည်း ပိတ်သိမ်းဖို့ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ထားပါတယ် ” လို့ ဒုတိယဝန်ကြီးက ဆိုပါ တယ်။

၂၀၂၆-၂၇ ပညာသင်နှစ်မှာ အမျိုးသားသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားဖို့ မှတ်ပုံတင်လျှောက်ထားလာတဲ့ ပုဂ္ဂလိကအခြေခံပညာ ကျောင်း ၂၄၆ ကျောင်းအနက် ၂၃၈ ကျောင်းကို ဖွင့်ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

#တရားမဝင်

#ပုဂ္ဂလိကကျောင်း

#ကျောင်း၆ကျောင်း

ဆက်စပ်သတင်းများ

Eastern Thanlwin