Language:

မွန်ပြည်နယ် လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကတိသစ္စာပြု


မွန်ပြည်နယ် လုံ/နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကတိသစ္စာပြု

၃၁ အောက်တိုဘာ (Eastern Thanlwin)

TNA

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)၌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမယ့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းအား လွှတ်တော်သို့ တင်ပြလိုက်တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၃၀ ရက်၊ နံနက်(၁၀) နာရီအချိန်က မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ အစီအစဉ် (၈)ရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဦးစွာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂ဝ၂၆) (ပထမနေ့) အထမြောက်ကြောင်းနဲ့ စတင်ကျင်းပကြောင်း ကြေညာပြီး ကတိသစ္စာ မပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော် ဥက္ကဋ္ဌ၏ ရှေ့မှောက်မှာ ကတိသစ္စာပြုခြင်းနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပေးပို့ထားတဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းအား လွှတ်တော်သို့ တင်ပြခြင်းနဲ့ ကိုယ်ရေးအချက်အလက် အကျဉ်းအား ဖြန့်ဝေခဲ့ပြီး အမည်စာရင်းနဲ့ စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ပါတယ်။

အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) (ပထမနေ့)ကို ရပ်နားခဲ့ပြီး အစည်းအဝေး ဒုတိယနေ့ကို ဆက်လက် ကြေငြာသွားမယ်လို့ သိရပါတယ်။

#လုံနယ်ဝန်ကြီး

#တပ်မတော်သား

#ကိုယ်စားလှယ်

#အမည်စာရင်း

#လွှတ်တော်

ဆက်စပ်သတင်းများ

Eastern Thanlwin