Language:

မယ်ဆိုင်နယ်စပ်မှာ ထိုင်းစစ်တပ်က အိုက်စ် ၂၆၁.၅ ကီလိုဂရမ် ဖမ်းဆီးရမိ


မယ်ဆိုင်နယ်စပ်မှာ ထိုင်းစစ်တပ်က အိုက်စ် ၂၆၁.၅ ကီလိုဂရမ် ဖမ်းဆီးရမိ

၂၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းစစ်တပ်က ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်မှာ ဗုဒ္ဓဟူးနေ့နံနက် ကင်းလှည့်စစ်ဆေးမှုအတွင်း မူးယစ်ကုန်သည်တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက် အိုက်စ် ခေါ် မက်သာဖတမင်း အမျိုးအစား မူးယစ်ဆေးဝါး ၂၆၁.၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ် ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ချောင်တက် အထူးတပ်ဖွဲ့၏ ကင်းလှည့်အဖွဲ့က မယ်ဆိုင်ခရိုင် ကော့ချန်းဒေသရှိ သီရိချာယာဖွမ် ဖြတ်ကူးရာ ဂိတ် ၁ အနီး တောထဲမှာ ဝန်များ သယ်ဆောင်လာသူ ၅ ဦးမှ ၆ ဦးခန့်ကို တွေ့ရှိခဲ့ရတာပါ။

ထိုင်းစစ်သားများက ၎င်းတို့သည် စစ်သားများဖြစ်ကြောင်း ပြောကြားပြီး စစ်ဆေးရန် ကြိုးစားခဲ့ရာ ကုန်သည်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှု ၅ မိနစ်ခန့် ကြာမြင့်ခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူများက အမှောင်ထဲ မြေပြင်ကို ကျွမ်းကျင်စွာ အသုံးပြု၍ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

နံနက် ၆ နာရီ ၂၀ မိနစ်ခန့် ထိုင်းစစ်တပ်က ထိုဒေသ၏ ရွှံ့ညွှန်နေရာများကို ထပ်မံ ရှာဖွေခဲ့ရာ စွန့်ပစ်ခဲ့သော အနက်ရောင် ပလတ်စတစ်ဖြင့် ထုပ်ထားသည့် အိတ် ၇ အိတ် တွေ့ရှိခဲ့ပြီး ၎င်းအိတ်‌တွေထဲ အိုက်စ် ၂၆၁.၅ ကီလိုဂရမ် ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဥပဒေမှာ အိုက်စ်သည် အမျိုးအစား ၁ မူးယစ်ဆေးဝါး ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ဆေးတွေကို မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ချောင်တက် အထူးတပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး စူဖန် ရွိုင်ဖုတ်နဲ့ မယ်ဆိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဝါရာယုတ် ခုံဘွန်တို့က ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပစ်ခတ်မှုဖြစ်ပွားရာ နေရာကို သွားရောက် စစ်ဆေးခဲ့တာပါ။

ဤဖမ်းဆီးမှုသည် မယ်ဆိုင်ခရိုင်တွင် နှစ်ရက်အတွင်း ဒုတိယအကြိမ် ဖြစ်ပြီး တနင်္လာနေ့ ညတွင်လည်း စစ်တပ်က မြန်မာနယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပြီးနောက် ဆေးပြား ၄ သန်းခန့် ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မယ်ဆိုင်ခရိုင်သည် မြန်မာ-ထိုင်းနယ်စပ်တွင် တည်ရှိကာ ရွှေတြိဂံဒေသမှ မူးယစ်ဆေးများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရာ အဓိကလမ်းကြောင်းများထဲတွင် ပါဝင်နေပါတယ်။

ဖါမောင်းတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် စသစ် ဝိုင်ယာနွန်က မြောက်ပိုင်းနယ်စပ် တစ်လျှောက်လုံး မူးယစ်ဆေး တားဆီးမှုများကို ပိုမို အားဖြည့်ရန် အမိန့်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က ဤအမှုကို တရားဥပဒေအရ ဆက်လက် ဆောင်ရွက်နေပါတယ်။

#မယ်ဆိုင်နယ်စပ်

#ထိုင်းစစ်တပ်

#အိုက်စ်၂၆၁.၅ကီလိုဂရမ်

#ဖမ်းဆီးရမိ

ဆက်စပ်သတင်းများ

Eastern Thanlwin