Language:

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိ


အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိ

၂၈ အောက်တိုဘာ ၂၀၂၆ (Eastern Thanwlin)

IM

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာဇာရိုက လူသားချင်းစာနာမှု အကူအညီများ ပိုမို ပေးပို့နိုင်ရန်နဲ့ နည်းလမ်းရှာဖွေရေးတို့အတွက် ယနေ့ အောက်တိုဘာ ၂၈ ရက်မှာတော့ နေပြည်တော်သို့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

၎င်းသည် အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်အကြာ မြန်မာနိုင်ငံ၌ နေထိုင်မှာဖြစ်ပြီး ၎င်းသည် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ရာ ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်လည်း ဆောင်ရွက်နေတာပါ။

၎င်းနဲ့အတူ အာဆီယံ၏ အရေးပေါ် ကူညီရေး ညှိနှိုင်းရေးစင်တာ (အေအိတ်ချ်အေစင်တာ) မှ အကြီးတန်း အရာရှိများနှင့် ကျွမ်းကျင်သူများ လိုက်ပါလာတယ်လို့ သိရပြီး နေပြည်တော်၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံမယ်လို့ သိရပါတယ်။

ထို့နောက် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်၍ ကယ်ဆယ်ရေး အရာရှိများ၊ လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပဋိပက္ခဒဏ်သင့် ဒေသများ၏ လိုအပ်ချက်များကို လေ့လာမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စီဟာဆက် ဖွမ်ကတ်ကီယိုက ဤခရီးစဉ်ကို အင်္ဂါနေ့က အတည်ပြုခဲ့ကာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ယနေ့ နံနက်တွင် ခရီးစဉ် အသေးစိတ်ကို ထုတ်ပြန်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စီစဉ်ထားခြင်း မရှိသေးဟု တာဝန်ရှိသူများက ဆိုပါတယ်။

မကြာသေးမီ ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အပြုသဘောဆောင်သော လက္ခဏာများ ထွက်ပေါ်လာခဲ့ပြီး အောက်တိုဘာ ၂၂ ရက်က လန်ဒန်မှာ နေထိုင်တဲ့ သားငယ် ကင်မ်အဲရစ်နဲ့ ၅ နှစ်ကျော်အတွင်း

ပထမဆုံး ဖုန်းဖြင့် စကားပြောခွင့် ရခဲ့ပြီး ဗြိတိန် ဘုရင် ချားလ်စ်ထံမှ စာအုပ်နှစ်အုပ်နှင့် စာတစ်စောင်တို့ကိုလည်း လက်ခံရရှိခဲ့တာပါ။

လာဇာရိုသည် ယခုနှစ် ဇန်နဝါရီလတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်က ဇူလိုင်လတွင် လူသားချင်းစာနာမှု အကူအညီ လက်လှမ်းမီမှု ချဲ့ထွင်ရန် ပြန်လာမည်ဟု ပြောဆိုခဲ့တာဖြစ်ပါတယ်။

#အာဆီယံ

#အထူးကိုယ်စားလှယ်

#မြန်မာနိုင်ငံသို့

#ယနေ့ရောက်ရှိ

ဆက်စပ်သတင်းများ

Eastern Thanlwin