Language:

ဆိုင်ကယ်နဲ့ မြေသယ်ယာဉ် တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံး


ဆိုင်ကယ်နဲ့ မြေသယ်ယာဉ် တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံး

၂၈ အောက်တိုဘာလ ၂၀၂၆ (Eastern ThanLwin)

TNA

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စံပယ်လမ်းနဲ့ တော်ဝင်ရတနာလမ်းထောင့်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၅၀ အချိန်က ဆိုင်ကယ်နဲ့ မြေသယ်ယာဉ်တို့ တိုက်မိရာက ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ထိုသို့ ယာဉ်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းအရ ဒက္ခိဏသီရိမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုသို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာ ညနေ ၄ နာရီ မိနစ် ၄၀ အချိန် ပြီးစီးခဲ့ပြီး ဖြစ်ကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား (၂)ဦး (‌သေဆုံး)အား လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ပါတယ်။

#ဆိုင်ကယ်

#မြေသယ်ယာဉ်

#ယာဉ်တိုက်မှု

#ဆိုင်ကယ်

ဆက်စပ်သတင်းများ

Eastern Thanlwin