Language:

ဆူဒန်နိုင်ငံ ညာလာမြို့ လူစည်ကားတဲ့ဈေး ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူကြီး၊ ကလေး အပါဝင် ၁၀၀ ကျော် သေဆုံး


ဆူဒန်နိုင်ငံ ညာလာမြို့ လူစည်ကားတဲ့ဈေး ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူကြီး၊ ကလေး အပါဝင် ၁၀၀ ကျော် သေဆုံး

၂၈ အောက်တိုဘာ ၂၀၂၆ ( Eastern ThanLwin)

IM

ဆူဒန်နိုင်ငံ တောင်ဒါဖာပြည်နယ် ညာလာမြို့ရှိ လူစည်ကားသော ဈေးတစ်ခု ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ၁၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆူဒန်နိုင်ငံမှာ အကြမ်းဖက်မှုများကို စောင့်ကြည့်နေတဲ့ အီမာဂျင်စီ လောယာစ် အဖွဲ့က အောက်တိုဘာ (၂၇) ရက် အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုမှာ အောက်တိုဘာ ၂၆ ရက် တနင်္လာ ညနေက ညာလာမြို့ ဒူမာယာရပ်ကွက်ရှိ တန်ကုန်းဈေးမှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများပါဝင်ခဲ့ပါတယ်။

အီမာဂျင်စီ လောယာစ် အဖွဲ့က ဆူဒန်စစ်တပ်ကို အပြစ်တင်ခဲ့ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့ပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ညာလာမြို့ရှိ ၎င်းတို့၏ ဆေးရုံသို့ အလောင်း ၃၆ လောင်း ရောက်ရှိခဲ့သည်ဟု ဆိုပြီး အရေးပေါ်ခန်းမှာ ဒဏ်ရာရသူ ၁၅၀ ဦးကို ကုသပေးထားကာ ဒဏ်ရာရသူများထဲ ကျည်စထိမှန်သူ၊ မီးလောင်ဒဏ်ရာရသူများ ပါဝင်နေပါတယ်။

ဒဏ်ရာရသူ အချို့ကို သုံးဘီးဆိုင်ကယ်၊ မြည်းလှည်းများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူ ၁၀၂ ဦးရှိတယ်လို့ ရေဒီယို တာမာဇု့ခ်ျသို့ ပြောကြားခဲ့ပါတယ်။

ညာလာမြို့သည် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီး ကုလသမဂ္ဂက ဒရုန်းတိုက်ခိုက်မှုများမှာ အရပ်သားများအတွက် အန္တရာယ်အကြီးဆုံး ခြိမ်းခြောက်မှုဟု ပြောကြားထားသည်။

#ဆူဒန်နိုင်ငံညာလာမြို့

#လူစည်ကားဈေး

#ဒရုန်းနဲ့တိုက်ခိုက်ခံရ

#လူ၁၀၀ကျော

ဆက်စပ်သတင်းများ

Eastern Thanlwin