၂၆ အောက်တိုဘာ ၂၀၂၆ (Eastern Thalwin)
IM
ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုသည် တနင်္ဂနွေနေ့က နိုင်ငံသို့ ပြန်လည် ရောက်ရှိလာတယ်လို့ နိုင်ငံတကာ သတင်းဖော်ပြချက်တွေ အရ သိရပါတယ်။
သူမသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံထဲက ထွက်ခွာသွားပြီးနောက် ၁၀ လကျော် ပြည်ပမှာ
နေထိုင်ခဲ့တာပါ။
မာချာဒိုသည် လာရာ ပြည်နယ်ရှိ ဘုရားကျောင်းမှာ ပထမဆုံး လူမြင်ကွင်းသို့ ထွက်လာခဲ့တာဖြစ်ပြီး ထောက်ခံသူများက သူမကို ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြရာ ထောက်ခံသူ တချို့က သူမသည် နောက်တစ်ကြိမ် သမ္မတ ဖြစ်လာမည်ဟု ပြောခဲ့ကြပါတယ်။
သူမသည် အသက် ၅၉ နှစ် ရှိပြီး စက်မှု အင်ဂျင်နီယာမှ နိုင်ငံရေးသမား ဖြစ်လာသူ ဖြစ်ပြီး သူမသည် နိုဘယ်
ငြိမ်းချမ်းရေး ဆုရှင်လည်း ဖြစ်ပါတယ်။
မာချာဒိုသည် ပနားမားနိုင်ငံမှ ကိုလံဘီယာသို့ ပုဂ္ဂလိက လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီးနောက် ကုန်းလမ်းဖြင့် ဗင်နီဇွဲလားသို့ ဝင်ရောက်ခဲ့ကာ အမေရိကန် လုံခြုံရေး ကန်ထရိုက်တာများက သူမ၏ ခရီးစဉ်ကို
စောင့်ရှောက်ခဲ့သည်ဟု သတင်းများ ဖော်ပြပါတယ်။
သူမ ပြန်လာရန် ခုနစ်ကြိမ်ထက် မနည်း ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ တနင်္ဂနွေနေ့ ညနေမှာ သူမသည် ကာရာကတ်စ်မြို့သို့ ရောက်ရှိခဲ့ကာ လမ်းတစ်လျှောက် ထောက်ခံသူ
ထောင်ပေါင်းများစွာက သူမကို ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက မာချာဒို၏ ပြန်လာမှုသည် အမေရိကန် ထောက်ခံသော ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများ၏ ရလဒ်ဖြစ်သည်ဟု ပြောဆိုထားပြီး ထိုဆွေးနွေးပွဲများကြောင့် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွတ်မြောက်ခဲ့တာလို့ သတင်းတွေအရ သိရပါတယ်။
ပြည်ပရောက် အတိုက်အခံ ပုဂ္ဂိုလ် ရာပေါင်းများစွာလည်း ပြန်လာနိုင်ခဲ့ပြီး ရူဘီယိုက ဤဆွေးနွေးပွဲများသည်
လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်ဟု ပြောဆိုထား သော်လည်း မာချာဒို၏ လှုပ်ရှားမှုသည် ထိုဆွေးနွေးပွဲများတွင် တိုက်ရိုက် ပါဝင်ခြင်း မရှိပေ။
မာချာဒိုသည် လွတ်လပ်ပြီး တရားမျှတသော သမ္မတ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို သတ်မှတ်ရန် တောင်းဆိုနေကြပြီး၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သူမသည် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့သော်လည်း သူမ၏ ပါတီက ကောက်ယူသော မဲစာရင်းများအရ အတိုက်အခံဘက်က အနိုင်ရခဲ့တာလို့ ဖော်ပြချက်တွေကဆိုပါတယ်။
အမေရိကန် တပ်ဖွဲ့များက သမ္မတ နီကိုလပ်စ် မာဒူရိုကို ဇန်နဝါရီလမှာ ဖယ်ရှားပြီးနောက် ဒဲလ်စီ
ရိုဒရီဂွက်ဇ်သည် ယာယီ သမ္မတ အဖြစ် တာဝန်ယူခဲ့တာပါ။
ရိုဒရီဂွက်ဇ်သည် ရက် ၉၀ သာ တာဝန်ယူရန် စီစဉ်ထားခဲ့သော်လည်း ယခုထိ တာဝန်ယူနေရပြီး ရွေးကောက်ပွဲ
ကျင်းပရန် သူမ လှုပ်ရှားခြင်း မရှိသေးပေ။
သမ္မတ ဒေါ်နယ် ထရမ့်က မာချာဒို ပြန်လာခြင်းကို မသိခဲ့ကြောင်း ပြောကြားထားပြီး ထရမ့်က မာချာဒိုသည် သူမ၏ နိုဘယ်ဆုကို သူ့အား ပေးခဲ့သည်ဟုလည်း ပြောဆိုကာ အတိုက်အခံ သမ္မတလောင်း အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ် အူရူးတီယာကလည်း မကြာမီ ပြန်လာမည်ဟု ပြောပါတယ်။

