Language:

ပက်ချဘူရီတွင် ရဲနှင့် ပစ်ခတ်မှုဖြစ်၊ အိုက်စ် ၅၀၀ ကီလို သိမ်းဆည်းရမိ


ပက်ချဘူရီတွင် ရဲနှင့် ပစ်ခတ်မှုဖြစ်၊ အိုက်စ် ၅၀၀ ကီလို သိမ်းဆည်းရမိ

၂၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံ ပက်ချဘူရီပြည်နယ်၊ ခေါင်ယိုင်ခရိုင်မှာ မူးယစ်ဆေးဝါး သံသယရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးကာ အိုက်စ်မူးယစ်ဆေးဝါး ၅၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက် ည ၈ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ သံသယရှိသူတွေက ရဲတပ်ဖွဲ့ကို အရင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ ရတ်ချဘူရီပြည်နယ်က အသက် ၂၇ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး သူတို့စီးလာတဲ့ Ford Everest ကားအတွင်းက စက္ကူပုံး ၁၀ ပုံးကျော်မှာ ထည့်ထားတဲ့ အိုက်စ်တွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ မြောက်ပိုင်းဒေသက ရရှိတဲ့ သတင်းအရ မူးယစ်ဆေးဝါးတွေကို ထိုင်းတောင်ပိုင်းသို့ သယ်ဆောင်မယ့် ကွန်ရက်ကို စောင့်ကြည့်ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုအခါ ကွန်ရက်နဲ့ ဆက်စပ်သူတွေကို ဆက်လက်စုံစမ်းနေပါတယ်။

ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှဒေသမှာ မက်သာဖက်တမင်း မူးယစ်ဆေးဝါး တန်ချိန် ၃၄၉ တန် သိမ်းဆည်းရမိခဲ့ပြီး စံချိန်တင်ပမာဏ ဖြစ်ခဲ့ပါတယ်။

#မူးယစ်မှု

#ပစ်ခတ်မှု

#ဖစ်ချဘူရီ

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin