တာလေမြို့အဝင်တံတားကို သံကူကွန်ကရစ်တံတားအသစ် ပြန်တည်ဆောက်ပေးမည်လို့ ရှမ်းပြည်အစိုးရပြောကြား


တာလေမြို့အဝင်တံတားကို သံကူကွန်ကရစ်တံတားအသစ် ပြန်တည်ဆောက်ပေးမည်လို့ ရှမ်းပြည်အစိုးရပြောကြား

၃၀ ဇူလှိုင်လ ၂၀၂၆ (Eastern ThanLwin)

ဇင်ကြီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က တာလေတံတားကြီးကို သံကူကွန်ကရစ်တံတားအသစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ပြန်တည်ဆောက်ပေးမယ်လို့ သိရပါတယ်။

တာလေတံတားနဲ့သက်ဆိုင်တဲ့ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်ရဲ့ ကြယ်ပွင့်မပြမေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က စာပေးပို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါတာလေ ကျောက်စီဂုံးတံတားက (၁၈)ရက်နေ့ ဇန်နဝါ ၂၀၂၄ ခုနှစ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် အက်ကွဲကြောင်းတွေဖြစ်ပေါ်ခဲ့ပြီး တန်(၂၅)အောက်ယာဉ်တွေကိုသာ သွားခွင့်ပြုထားတာဖြစ်ပါတယ်။

တာလေတံတားကို (၃)နှစ်ကျော်ကြာ ပြန်တည်ဆောင်ပေးခြင်းမရှိဘဲ ပေ(၉၀)အရှည် နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားတည်ဆောက်ကာ ခရီးသည်ယာဉ်နှင့် ကုန်ကားအချို့ကိုသာ ဖြတ်သန်းခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။

တာလေမြို့အဝင်တံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံပေးပို့လာတဲ့ စာအရ ယခင် တန်ချိန်(၆၀)ခံနိုင်ဝန်ရှိတဲ့ အက်ကွဲပျက်စီးနေတဲ့ တံတားဟောင်းအစား အသစ်ပြန်ဆောက်ပေးမည်ဖြစ်တယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ တံတားနှင့်ပတ်သက်ပြီး တံတားအူကြောင်း ရွေးချယ်သတ်မှတ်ခြင်းနှင့် မြေစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး သံကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပြန်ထောင်စုရန်ပုံငွေနဲ့ လျာထားဆောင်ရွက်သွားမည်လို့ သိရှိရပါတယ်။

#တံတား

#ဘဏ္ဍာရေးနှစ်

#တာလေတံတား

#ရှမ်းအရှေ့

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin