မိုင်းဖုန်းဆရာတော်ဘုရား အရှင်ဉာဏသံဝရ ဘူတန်နိုင်ငံမှာ ဝါဆိုမည်


မိုင်းဖုန်းဆရာတော်ဘုရား အရှင်ဉာဏသံဝရ ဘူတန်နိုင်ငံမှာ ဝါဆိုမည်

၂၉ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

သာသနာပြုခရီးကြွချီနေတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး အရှင်ဉာဏသံဝရ ဘူတန်နိုင်ငံမှာပင် ဝါဆိုမည်ဟု ဆရာတော်ဘုရားရဲ့ ဒါယကာတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒါယကာတွေရဲ့ လျှောက်တင်မှုကြောင့် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းအနီး တောတွင်းဂူမှာ ဝါဆိုခဲ့ကာ ဒီနှစ်မှာတော့ ဘူတန်ဘုရင်ရဲ့ ပင့်ဖိတ်မှုကြောင့် ဘူတန်တောင်တန်းပေါ်က ဂူမှာ ဝါဆိုမှာဖြစ်ပါတယ်။

“ဆရာတော်က မွေးနေ့ပြီးကတည်းက နိုင်ငံခြားကြွသွားတာ အခုတော့ ဘူတန်နိုင်ငံမှာဘဲ ဝါဆိုတော့မယ်။ ဝါထွက်မှဘဲ မြန်မာနိုင်ငံ ပြန်ကြွလာမှာ”လို့ မိုင်းဖုန်းဆရာတော်ရဲ့ ဒါယကာတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

ဆရာတော်ဘုရားဟာ နှစ်စဉ်နှစ်တိုင်း ဝါထွက်ချိန်မှစပြီး မြန်မာနိုင်ငံအနှံအပြား ဒါယိကာ၊ ဒါယိကာမများရဲ့ ပင့်ဖိတ် လျှောက်တင်မှုအရ သာသနာပြု အဖူးမျှော်ခံထွက်ခရီးသွားလေ့ရှိပြီး ပြီးခဲ့တဲ့နှစ် မန္တလေးအနီးတဝိုက် စစ်ကိုင်းငလျှင်လှုပ်ခတ်အပြီးမှာ ငလျှင်ဘေးကြုံတွေ့ခဲ့သူများကို သွားရောက် ကူညီလှူဒါန်းခဲ့ပြီး ဆုတောင်း၊ မေတ္တာပို့ အမျှဝေခဲ့တယ်လို့ သိရှိရပါတယ်။

မိုင်းဖုန်းဆရာတော်ဘုရား ဘဒ္ဒန္တ ဉာဏသံဝရသည် ရှမ်းလူထုတစ်ရပ်လုံးအပြင် နိုင်ငံအနှံအပြားမှ ဒါယကာများရဲ့ ကြည်ငြိုခြင်းခံရသော ဆရာတော်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်တို့ရဲ့ ကိုးကွယ်ခြင်းခံတဲ့ ဆရာတော်ဘုရား တစ်ပါးလဲဖြစ်ပြီး နှစ်စဉ် မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ (၅)ရက်နေ့မှာတော့ တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စုမှာရှိတဲ့ မိုင်းဖုန်းကျောင်းမှာ ဒါယိကာ၊ ဒါယိကာမ ဧည့်ပရိတ်သတ်ကို အဖူးမျှော်ခံကာ ဆုတောင်း၊ မေတ္တာပို့ အမျှဝေမှုတွေ ပြုလုပ်လေ့ရှိပါတယ်။

#မိုင်းဖုန်းဆရာတော်

#ဝါဆို

#ဘူတန်နိုင်ငံ

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin