၁၇ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
ဖိုးစည်
ကျပ် ၅၀၀၀၀ တန် ငွေစက္ကူအသစ်တွေ ထုတ်ဝေမယ်လို သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းအမှားသာဖြစ်တယ်လို ပြောပါတယ်။
အွန်လိုင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျပ် ၅၀၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေမယ်ဆိုပြီး ဖြန့်ဝေမှုတွေ ရှိနေတာနဲ့ ပတ်သက်လို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တရားဝင် ငြင်းချက်ထုတ်လာတာလည်း ဖြစ်ပါတယ်။
“ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ပါတယ်” လို ဒေါက် တာ ခိုင်ခိုင်စိုးက ဆိုပါတယ်။
သတင်းမှားတွေကြောင့် မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖိုလည်းတိုက်တွန်းလိုတယ်လို ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ငွေကြေးဆိုင်ရာ သတင်းအချ က်အလက်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ သက်ဆိုင် ရာက တရားဝင် ထုတ်ပြန်ချက်တွေကနေသာအတည်ပြုကြဖိုလည်း သတိပေးထားပါတယ်။
ပြည်တွင်းမှာ ငွေကြေးကိစ္စ သတင်းအမှားတွေကြောင့် ကုန် ဈေးနှုန်းတွေ မြင့်တက်တာ ၊ ငွေကြေးတန်ဖိုးမတည်ငြိမ်တာတွေ မကြခဏ ဖြစ်ပွားလေ့ရှိတာကြောင့် ပြည်သူလူထုအနေနဲ့ သတင်းမှားတွေကို မယုံကြဖို သမဖ်မတရုံးပြော ရေးဆိုခွင့်ရှိသူက သူရဲ့ လူမှုကွန်ရက်ကနေတဆင့် သတိ ပေးထားပါတယ်။

