Language:

ထူးချွန်ကျောင်းသားများကို ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့အထိ ပံ့ပိုးပေးမယ့်အစီအစဉ် လွှတ်တော်မှာဆွေးနွေး


ထူးချွန်ကျောင်းသားများကို ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့အထိ ပံ့ပိုးပေးမယ့်အစီအစဉ် လွှတ်တော်မှာဆွေးနွေး

၁၇ အောက်တိုဘာ ၂၀၂၆ ( Eastern Thanlwin)

ဇင်ကြီး

မြန်မာနိုင်ငံက အနုပညာနဲ့ သိပ္ပံဘာသာရပ်များ၌ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို အထူးရွေးချယ်လေ့ကျင့်ပေးတဲ့ အစီအစဉ် ပြန်လည်ဖော်ဆောင်ရန်နဲ့ တိုးချဲ့ဆောင်ရွက်ရန် အဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုကို ကျောက်ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်က ထောက်ခံခဲ့ကြောင်း သိရပါတယ်။

အဆိုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၈ ကို ရည်ညွှန်းကာ ပညာရေးတွင် ထူးချွန်သူများကို လူမျိုး၊ ဘာသာနှင့် လိင်မရွေး ချီးမြှင့်ကူညီရမည်နှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်၍ အထူးလေ့ကျင့်ပျိုးထောင်ပေးသည့် အစီအစဉ် ပြန်လည်ကျင့်သုံးရန် တိုက်တွန်းထားကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် အဆိုနှင့်ပတ်သက်၍ ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခဲ့ကြပြီး ပညာရေးဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က လက်ရှိ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ဆုအစီအစဉ်များ ဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းခဲ့ပြောဆိုခဲ့ပါတယ်။

ထို့ပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ နေပြည်တော်ပြည်နယ်အကယ်ဒမီတွင်လည်း အစီအစဉ်တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အဆင့်အထိ ပညာသင်ယူနိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအစီအစဉ်သည် ပညာရေးနယ်ပယ်တွင် ထူးချွန်သူများ၏ အရည်အချင်းကို ပိုမိုဖွံ့ဖြိုးစေရန်နှင့် အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ တိုးချဲ့ပေးရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

#ထူးချွန်ကျောင်းသားများ

#ဘွဲ့လွန်နဲ့ပါရဂူဘွဲ့အထိ

#ပံ့ပိုးပေးမယ့်

#အစီအစဉ်

#တိုးချဲ့ရန်

#လွှတ်တော်မှာ

#အဆိုကိုဆွေးနွေး

ဆက်စပ်သတင်းများ

Eastern Thanlwin