Language:

တောင်ကြီးမြို့မှာ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီအများအပြား သယ်ဆောင်လာသူများ ဖမ်းဆီးခံရ


တောင်ကြီးမြို့မှာ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီအများအပြား သယ်ဆောင်လာသူများ ဖမ်းဆီးခံရ

၁၇ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် တောင်ပိုင်း ဆိုက်ခေါင်ဘက်မှ တောင်ကြီးမြို့ကို တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများကို တရားမဝင်သယ်ဆောင်လာတဲ့ အမျိုးသား(၃)ဦးကို အောက်တိုဘာလ (၁၅)ရက်နေ့က သက်ဆိုင်ရာလုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာလ (၁၅) ရက်နေ့ ညပိုင်းက ဖာမွန်းကျေးရွာအနီး ဆိုက်ခေါင်ဘက်မှ တောင်ကြီးဘက်ကို မောင်းနှင်လာပြီး အမျိုးသား(၃)ဦးစီးနှင်းလိုက်ပါလာတဲ့ အန်စာတုံးမော်တော်ယာဥ် လိုင်းကားအား လုံခြုံရေးတပ်ဖွဲ့ဝင် ပူပေါင်းအဖွဲ့များက ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာကနေ အဆိုပါယာဥ်ပေါ်ရဲ့အနောက်ခန်းအတွင်းမှာ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများကို တွေ့ရှိခဲ့ကြောင်းသိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာကနေ တွေ့ရှိခဲ့တဲ့ ဂျင်းဘောင်းဘီများမှာ တရားမဝင် သယ်ဆောင်လာတာဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်း (၄၅၀) ကျော်ရှိကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သတ်ပြီး အရှေ့သံလွင်သတင်းဌာနက တောင်ကြီးမြို့မရဲစခန်းက နယ်ထိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လက်ရှိမှာ တရုတ်နိုင်ငံထုတ်ဂျင်းဘောင်းဘီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား (၃) ဦးကို တောင်ကြီးမြို့မရဲစခန်းမှာ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈/၁၀ နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။

တာာချီလိတ်မြို့မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ (၁၅) ရက်နေ့က ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို အေးခဲသားများနှင့် ကုန်စိမ်းသီးနှံ စုစုပေါင်း ၁၂ ဒသမ ၇၆၇ တန်ကို တရားမဝင် သယ်ဆောင်လာတဲ့ ယာဉ်မောင်း (၂၅) ဦးကို ဖမ်းဆီးအရေးယူခဲ့တာတွေလည်းရှိကြောင်းသိရပါတယ်။

#တောင်ကြီးမြို့

#တရုတ်နိုင်ငံထုတ်

#ဂျင်းဘောင်းဘီများ

#သယ်ဆောင်လာသူများ

#ဖမ်းဆီးခံရ

ဆက်စပ်သတင်းများ

Eastern Thanlwin