Language:

ယာယီနယ်စပ်ကူးလက်မှတ်နဲ့ ချင်းရိုင်းသွားခွင့်ရှိတယ်လို့ ကောလာဟလတွေပျံနှံ့နေ


ယာယီနယ်စပ်ကူးလက်မှတ်နဲ့ ချင်းရိုင်းသွားခွင့်ရှိတယ်လို့ ကောလာဟလတွေပျံနှံ့နေ

၁၆ အောက်တိုဘာ ၂၀၂၆ Eastern ThanLwin

စွန်ရဲ

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်ခြားကော်မတီ (TBC)ရဲ့ ထောက်ခံချက်မပါဘဲ (၁) နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(BP) စာအုပ်အပြာရောင် နဲ့ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့အထိ အလည်အပတ် သွားရောက်ခွင့်ရှိတယ်လို့ လူမှုကွန်ယက်ပေါ် သတင်းအမှားတွေပျံနှံနေတယ်လို့ အရှေ့သံလွင်က စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်နှင့် ချင်းဆိုင်ကို (၁)နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ပြာကိုင်ဆောင်ထားသူများ အနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကို ဝင်ရောက်စရာမလိုတော့ဘဲ သွားလာနိုင်ပြီဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားချက်အရသိရပါတယ်။

“စာအုပ်ပြာကိုင်တဲ့လူ ချင်းရိုင်း၊ ချင်းဆဲန် တောမောဝင်စရာမလိုတော့ပါ အလယ်သွားလို့ရပါပီ စီးပွာရေးမကောင်းတဲ့ချိန်မှာ သူ့ပြည်သူအဆင်ပြေအောင်တဘက် နိုင်ငံကလူ‌တွေကိုမျှားခေါ်ပီးရောင်းအားမြင့်တင်တာပဲ အဆင်ပြေကြပါစေ” လို့ လူမှုကွန်ရက်ပေါ်မှာ Sai Saioo Account နဲ့ ရေးသားချက်အရသိရပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး ရေးသားထားတဲ့ Facebook အကောင့် Sai Saioo ကို အရှေ့သံလွင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ထိုင်းအရာရှိသူတွေနဲ့ နီးစပ်သူတစ်ဦးပြောတာက “ဒီကိစ္စက တစ်ကယ်မဟုတ်ပါဘူး လျှောက်ပြောနေကြတာ ကျွန်တော်ကိုလည်း လာလာမေးနေကြတယ်။ ထိုင်းအရာရှိတွေလည်း ထုတ်ပြန်ကြေညာထားတာမရှိပါဘူးလို့ မယ်ဆိုင်မြို့မှာနေထိုင်သူ ဦးထွန်းကပြောပါတယ်။

ထိုကိစ္စနဲ့ကို ခွင့်ပြု/မပြု ကို ထိုင်းဖက်နဲ့ဆိုင်တယ်လို့သိရပြီး မြန်မာနိုင်ငံ လဝက ဖက်ပိုင်းမှာတော့ ညွှန်ကြားထားတာမရှိဘူးလို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က အရှေ့သံလွင်သတင်းဌာနကိုပြောပါတယ်။

တာချီလိတ်ခရိုင်အတွင်းမှာနေထိုင်တဲ့ အိမ်ထောင်စုဇယားရှိတဲ့သူတွေအတွက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့အတွင်းသာ သွားရောက်လည်ပတ်ဖို့ (၁)နှစ်စာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) ထုတ်ပေးထားတာဖြစ်တယ်လို့ အဆိုပါအရာရှိက ပြောပါတယ်။

ယခင်က ထိုင်းနိုင်ငံချင်းရိုင်းမြို့ကို မယ်ဆိုင်မြို့မှာရှိတဲ့ ထိုင်းလဝက နှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီ (TBC)ရဲ့ ထောက်ခံချက်နဲ့ မြန်မာနိုင်ငံခရီးသွားများက သွားရောက် လည်ပတ်နေကြတာဖြစ်တယ်လို့သိရပါတယ်။

#ယာယီနိုင်ငံကူးလက်မှတ်

#ကောလဟာလ

#နယ်စပ်ဖြတ်သန်းခွင့်

#မယ်ဆိုင်

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin