Language:

ရန်ကုန်မြို့တွင်း သတ်မှတ်နေရာကနေ လမ်းဖြတ်မကူးတဲ့သူတွေကို ယနေ့ အောက်တိုဘာ ၁၂ ရက်ကနေ စပြီး အရေးယူမယ်


ရန်ကုန်မြို့တွင်း သတ်မှတ်နေရာကနေ လမ်းဖြတ်မကူးတဲ့သူတွေကို ယနေ့ အောက်တိုဘာ ၁၂ ရက်ကနေ စပြီး အရေးယူမယ်

၁၂ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားတဲ့ နေရာတွေကနေ လမ်းဖြတ်ကူးခြင်း မရှိဘဲ စည်းကမ်းဖောက်ဖျက်သူတွေကို ဒီနေ့ အောက်တိုဘာ ၁၂ ရက်ကစပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားပါတယ်။

ဒါကြောင့် ရန်ကုန်မြို့တွင်းမှာ ခြေလျင်သွားလာကြတဲ့ ပြည်သူတွေအနေနဲ့ လမ်းဖြတ်ကူးတဲ့အခါ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနဲ့ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ နေရာတွေကိုသာ အသုံးပြုကြရမှာ ဖြစ်ပါတယ်။

အကယ်၍ သတ်မှတ်ထားတဲ့ နေရာတွေကနေ လမ်းမဖြတ်ကူးဘဲ စည်းကမ်း ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ ၃၀၀၀၀ ကျပ်ထက် မပိုတဲ့ ဒဏ်ကြေးနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ယာဉ်အသွားအလာများတဲ့ ရန်ကုန်မြို့တွင်းလမ်းမတွေမှာ လမ်းဖြတ်ကူးတဲ့အခါ စည်းကမ်းမဲ့ ဖြတ်ကူးတာမျိုးဟာ ယာဉ်တိုက်မှုအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတ်မှတ်ထားတဲ့ လူကူးနေရာတွေကို အသုံးပြုကြဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရန်ကုန်မြို့အတွင်း သွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေကို လျှော့ချနိုင်ရေးအတွက် လမ်းစည်းကမ်းတွေကို လိုက်နာပြီး သတ်မှတ်ထားတဲ့ နေရာတွေကနေသာ စည်းကမ်းတကျ လမ်းဖြတ်ကူးကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

#ရန်ကုန်မြို့တွင်း

#သတ်မှတ်နေရာ

#လမ်းဖြတ်မကူးတဲ့သူ

#ယာဉ်အန္တရာယ်

#လမ်းအန္တရာယ်

#ယာဉ်တိုက်မှု

#အရေးယူမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin