၁၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ဖိုးစည်
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လာမယ့် အောက်တိုဘာ (၁၃) ရက်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ကာ နိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မိုး/ဇလက ဒီကနေ့ အောက်တိုဘာ (၁၁) ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန် အသိပေးထားတာဖြစ်ပါတယ်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း မိုး/ဇလက အသိပေးထားပါတယ်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တိုတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတိုတွင် နေရာအနှံအပြား၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ဟု မိုး/ဇလက ထုတ်ပြန်ပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့လည်း မိုး/ဇလက ဆိုပါတယ်။
ဒါ့အပြင် နောက် (၂) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
#နောက်(၂) ရက်အတွင်း

