Language:

ဗီယက်နမ်နိုင်ငံ သမိုင်းဝင် ဟူးမြို့ ရေကြီးမှု ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဗီယက်နမ်စစ်တပ်က တပ်ဖွဲ့ဝင် ၁၃၀ ခန့် စေလွှတ်ထား


ဗီယက်နမ်နိုင်ငံ သမိုင်းဝင် ဟူးမြို့ ရေကြီးမှု ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဗီယက်နမ်စစ်တပ်က တပ်ဖွဲ့ဝင် ၁၃၀ ခန့် စေလွှတ်ထား

၁၁ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ အောက်တိုဘာ ၉ ရက်က စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် သမိုင်းဝင် ဟူးမြို့မှာ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဗီယက်နမ် စစ်တပ်က တပ်ဖွဲ့ဝင် ၁၃၀ ခန့်ကို ကယ်ဆယ်ရေး စေလွှတ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၉ ရက် မတိုင်မီ တစ်ရက်ကလည်း ဒါနန်ဆိပ်ကမ်းမြို့မှာ ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ရပြီး ဟူးမြို့မှာ သုံးရက်အတွင်း မိုးရေ မီလီမီတာ ၈၀၀ ကျော် ရွာသွန်းထားပြီး တနင်္ဂနွေ မနက် အထိ မိုးဆက်ရွာ

နေမည်ဟု ခန့်မှန်းထားကာ တောင်တန်းများမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှု သတိပေးထားပါတယ်။

ဒါနန်မှာတော့ ကြာသပတေးနေ့က ရပ်ကွက်များ၊ လမ်းများ ရေလွှမ်းခဲ့ကာ အချို့ နေရာတွေမှာ ရေအနက်က ခါးအထက်ကျော်ပြီး ၁ မီတာ ကျော်မြင့်ခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များက ရေလွှမ်းနေသော ကျောင်းမှ ကလေးများကို ရွှေ့ပြောင်းပေးခဲ့ပြီး စစ်တပ်က တပ်ဖွဲ့ဝင် ၁၃၀ ခန့် စေလွှတ်ထားကာ ရာသီဥတု ပိုမိုဆိုးဝါးလာပါက ကယ်ဆယ်ရေးအတွက် အသုံးပြုရန် ရေနဲ့ ကုန်းသွား လာသွားနိုင်သော သံချပ်ကာ ယာဉ်များကိုလည်း အသင့်ပြင်ထားပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေမှာ ထရောင်ဂျန်မြစ်ထဲ ဇနီးမောင်နှံ နှစ်ဦး စီးလာတဲ့ လှေတစ်စင်း တိမ်းမှောက်ခဲ့ရပြီး ဇနီးဖြစ်သူမှာ မြက်ထုပ်ကို ဖက်ထားလျက် မီတာ ၃၀၀ ခန့် မျောပါသွားသော်လည်း ဒေသခံများက ကယ်တင်နိုင်ခဲ့ပြီး ခင်ပွန်းသည်ကတော့ ရေစီးနဲ့ မျောပါသွား ပြီး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

ဒါနန်အနီး တောင်တန်းဒေသတွေမှာလည်း မြေပြိုလို့ လမ်းတွေ ပိတ်ဆို့ခဲ့ရပြီး အချို့လမ်းပိုင်းတချို့ကိုတော့ ပြန်ဖွင့်နိုင်ခဲ့သော်လည်း ဆက်လက်ပြီး မြေပြိုနိုင်သေးတယ်လို့လည်း သတိပေးထားပါသေးတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မိုးရာသီဟာလည်း မေလကနေ နိုဝင်ဘာလအထိ ကြာမြင့်တတ်တယ်လို့လည်း ဆိုပါတယ်။

ဟောင်ကောင်မြို့ပြ တက္ကသိုလ်မှ ပညာရှင် ဘင်ဂျမင် ဟော်တန်က မိုးပြင်းထန်မှုကို တားဆီးမရနိုင်သော်လည်း ပျက်စီးမှုကိုတော့ လျှော့ချနိုင်ပါတယ်လို့ ထုတ်ဖော်ပြောကြားထားကာ ကြိုတင်သတိပေးရန်၊ ကယ်ဆယ်ရေး အသင့်ပြင်ရန်နဲ့ လမ်းမပိတ်မှီ ဒေသခံတို့ ရွှေ့ပြောင်းရန်လိုအပ်ကြောင်းလည်း သူက ဆိုပါတယ်။

#ဗီယက်နမ်ဟူးမြို့

#ရေကြီးမှု

#ကယ်ဆယ်ရေး

#ဗီယက်နမ်တပ်ဖွဲ့ဝင်

#၁၃၀ခန့်စေလွှတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin