၁၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
IM
လာအိုနိုင်ငံမှာ ဖမ်းဆီးရမိထားသော မက်သာဖက်တမင်း ၅၂၁ ကီလိုဂရမ်နဲ့ ဆက်စပ်တဲ့ ကိုယ်ပိုင် ဂျက်လေယာဉ် ငှားရမ်းခဲ့သူမှာ ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်လို့ မလေးရှားနိုင်ငံ မူးယစ်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဟူစိန် အိုမာခန်းက အောက်တိုဘာ ၉ ရက်မှာ ကွာလာလမ်ပူမြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြောဆိုချက်အရ သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိထားသူမှာ မူးယစ်ကွန်ရက်၏ အဓိက ခေါင်းဆောင်ဟု ရဲက ယူဆထားပြီး လေယာဉ် ငှားရမ်းခ အဖြစ် ဒေါ်လာ ၄၉,၅၀၀ ပေးချေခဲ့တယ်လို့ ဆိုထားပြီး လေယာဉ်ကုမ္ပဏီကို မလေးရှား လေယာဉ်မှူး ၂ ဦးနဲ့ စင်ကာပူနိုင်ငံသား ၂ ဦး တို့ ပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။
ခရီးစဉ်ကိုတော့ လာအိုကနေ မနီလာသို့ သွားရောက်မှာဖြစ်ပြီး ကုန်ပစ္စည်းကို ဗေ့ပ်ပစ္စည်းဟု စာရင်းလိမ်လည် ဖော်ပြထားကာ ဆူဘန်ကုန်စာရင်းနဲ့ လာအို အာဏာပိုင်များထံကနေ ရရှိခဲ့ကာ ကုမ္ပဏီကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး ဈေးအသက်သာဆုံးဖြစ်၍ ရွေးခဲ့ပုံရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ထိုလေယာဉ်သည် အောက်တိုဘာ ၁ ရက်မှာတော့ ဆူဘန်မှ လွမ်ပရာဘန် လေဆိပ်သို့ မူးယစ်ဆေးဝါး မပါရှိဘဲ ရောက်လာခဲ့ကာ တင်ဆောင်လိုက်သော အိတ် ၂၃ လုံးကို စစ်ဆေးရာ အထုပ် ၅၀၀ ပါ ဆေး ၅၂၁ ကီလိုဂရမ်ကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်အရ လေယာဉ်မှူးများ၊ ဖိလစ်ပိုင်ခရီးသည်နဲ့ လေဆိပ်ဝန်ထမ်းများ အပါအဝင် လူ ၁၃ ဦးကို ထိန်းသိမ်းထားပြီး မူးယစ်ဆေးများသည် မနီလာသို့ ပို့ဆောင်ရန်ဖြစ်တယ်လို့ဟု ယူဆထားသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့က ကုမ္ပဏီပိုင်ရှင်တွေက ကွန်ရက်မှာ ပါဝင်သလား၊ သို့မဟုတ် အသုံးချခံရသလားဆိုသည်ကို စုံစမ်းနေပြီး ပိုင်ရှင် ၄ ဦးကို ထိန်းသိမ်းမေးမြန်း ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူ ဖိလစ်ပိုင် နိုင်ငံသားကို ရှာဖွေရန် ဖိလစ်ပိုင် မူးယစ်မှု တိုက်ဖျက်ရေး အေဂျင်စီသို့ အချက်အလက်များ ပေးပို့ထားကာ အရာရှိများမှာ လာအိုသို့ သွားရောက်ရန် ခွင့်ပြုချက်ကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

