Language:

စစ်ပွဲအဆုံးသတ်ရန် အီရန် နျူကလီးယား ကြွယ်ဝစေမှု လျှော့ချရမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဗန့်စ် ပြောကြား


စစ်ပွဲအဆုံးသတ်ရန် အီရန် နျူကလီးယား ကြွယ်ဝစေမှု လျှော့ချရမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဗန့်စ် ပြောကြား

၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

IM

အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အီရန်သည် ခုနစ်လခန့်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်လိုပါက ၎င်း၏ နျူကလီးယား ကြွယ်ဝစေမှုစွမ်းရည်ကို အဓိပ္ပာယ်ရှိသော လျှော့ချမှုတစ်ရပ် ပြုလုပ်ရမယ်လို့ ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အနာဂတ် လျှော့ချရေးဆိုင်ရာ ကတိစကားများဖြင့် မလုံလောက်ဘဲ လက်တွေ့ ဆောင်ရွက်ချက်ကိုသာ လက်ခံမည်ဖြစ်ကြောင်း၊ နျူကလီးယားလက်နက် မလိုချင်ပါက ရာခိုင်နှုန်း ၆၀ အထိ ကြွယ်ဝစေထားသော လောင်စာ အဘယ်ကြောင့် လိုအပ်သနည်းဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့တာပါ။

ဗန့်စ်သည် ညှိနှိုင်းရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဇွန်လတွင် ကြားဝင်ညှိနှိုင်းပေးခဲ့သော ယာယီငြိမ်းချမ်းရေး သဘောတူညီချက်မှာ မကြာမီ ပျက်ပြယ်ခဲ့ပါတယ်။

ဤစစ်ပွဲသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များကို လှုပ်ခတ်စေခဲ့ပြီး နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲများမတိုင်မီ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်ပါတီအတွက် နိုင်ငံရေး ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံသည် စစ်ပွဲအဆုံးသတ်ရေးနှင့် အရေးပါသော စွမ်းအင်ရေကြောင်းလမ်း ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် မကြာသေးမီ သီတင်းပတ်များအတွင်း အဆိုပြုချက်များ အပြန်အလှန် ပေးပို့ခဲ့ကြသော်လည်း ထရမ့်က တီဟီရန်၏ နောက်ဆုံးအဆိုပြုချက်ကို ပယ်ချခဲ့ပြီးရွေးကောက်ပွဲများနောက်ပိုင်း စစ်ဆင်ရေးများ ပြင်းထန်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ဝါရှင်တန်သည် အီရန်သမ္မတ မဆူး ပီဇက်ရှကီယန်နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီတို့နှင့် ဆက်သွယ်နေသော်လည်း တီဟီရန်တွင် ဆုံးဖြတ်ချက်များကို မည်သူက အမှန်တကယ် ချမှတ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဗန့်စ်က ဝန်ခံခဲ့ပါတယ်။

အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် အမေရိကန်၏ တောင်းဆိုချက်များသည် တီဟီရန်၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်နေကြောင်း၊ ကြွယ်ဝစေမှုဆိုင်ရာ အခွင့်အရေးကို အသိအမှတ်ပြုရေးသည် အီရန်အတွက် မျဉ်းနီဖြစ်ပြီး အသေးစိတ်အချက်များကိုမူ နောက်ပိုင်းတွင် ဆွေးနွေးနိုင်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလနှောင်းပိုင်းမှာ တီဟီရန်က တင်သွင်းခဲ့တဲ့ အဆိုပြုချက် မျက်နှာစာအားလုံး၌ တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ ရေကြောင်းပိတ်ဆို့မှုနဲ့ ရေနံပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေး၊ အီရန်ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေးတို့ ပါဝင်ခဲ့ပါတယ်။

#စစ်ပွဲအဆုံးသတ်

#အီရန်

#နျူကလီးယား

#ကြွယ်ဝမှု

#ဒုတိယသမ္မတဗန့်စ်

#အမေရိကန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin