၇ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)
IM
လာအိုနိုင်ငံ ဘိုကောင်းပြည်နယ်၌ အောက်တိုဘာ ၁ ရက်က ပြုလုပ်သော လွှဲပြောင်းမှုများအဖြစ် အွန်လိုင်းလိမ်လည်မှုနဲ့ တယ်လီကွန်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၁၁၈ ဦး၊ ထိုင်းနိုင်ငံသား ၇၈ ဦးကို သက်ဆိုင်ရာ နိုင်ငံ့အာဏာပိုင်များထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံသားများကို ချင်းခေါင်-ဟွေဆိုင်း စတုတ္ထမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတားမှ လွှဲပြောင်းခဲ့ပြီး ၎င်းတို့အနက် ၈ ဦးမှာ ဖမ်းဝရမ်းများ ရှိနေသဖြင့် ထိုင်းဘက်က ဆက်လက်အရေးယူရန်ခေါ်ဆောင်သွားခဲ့ပါတယ်။
အများစုသည် လစာမြင့် အလုပ်ကမ်းလှမ်းမှုများကို ယုံကြည်၍ လာအိုသို့ သွားရောက်ခဲ့ကြကြောင်း စစ်ဆေးချက်များက ဖော်ပြထားကာ ယခုနှစ်အတွင်း လာအို၌ လိမ်လည်မှုသံသယဖြင့် ထိန်းသိမ်းခံရသူ ၆၂၀၀ ကျော် ရှိပြီဖြစ်ပါတယ်။

