Language:

ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို


ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို

၇ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

IM

ဟားမတ်စ် တိုက်ခိုက်မှု သုံးနှစ်ပြည့် မတိုင်မီ ဂါဇာမှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာ ၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီများကို အတိုင်းအတာကြီးကြီးမားမား ဝင်ရောက်ခွင့်ပြုရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

၂၀၂၅ ခုနှစ်က ကြေညာခဲ့သော အပစ်ရပ်မှုသည် အထိုက်အလျောက် သက်သာမှု ရခဲ့သော်လည်း လုံခြုံရေး၊ လုံလောက်သော အကူအညီနှင့် ပြန်လည် ထူထောင်ရေးအတွက် ယုံကြည်ရသော လမ်းကြောင်းကို မပေးနိုင်သေးကြောင်း ၎င်းကဆိုသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့်

နိုင်ငံရေးလမ်းကြောင်း ဖော်ဆောင်ရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

#ဂါဇာ

#အပစ်အခတ်ရပ်စဲရေး

#အန်တိုနီယိုဂူတာရက်စ်

#လူသားချင်းစာနာမှု

#လုံခြုံရေး

#အစ္စရေး

#ပါလက်စတိုင်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin