Language:

ခေတ်မီ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေး စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့ အဆိုတင်သွင်း


ခေတ်မီ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေး စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့ အဆိုတင်သွင်း

၂၅ စက်တင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ရိုးရာလယ်ယာစနစ်ကနေ ခေတ်မီစက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေး စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းလိုက်ပါတယ်။

အဆိုကို တောင်တွင်းကြီး မဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေက စက်တင်ဘာ (၂၄)ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။

နိုင်ငံတကာမှာ စိုက်ပျိုးရေးကို ရိုးရာလုပ်သားအခြေပြု၊ စက်ယန္တရားအခြေပြု၊ Precision၊ Digital၊ Automation စတဲ့ စနစ်တွေ အဆင့်ဆင့်ပြောင်းလဲ ဆောင်ရွက်နေပြီး စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံဟာ စက်မှုလယ်ယာဦးစီးဌာန ကို ၁၉၂၁ ခုနှစ်က ဖွဲ့စည်းခဲ့ကာ စက်မှုလယ်ယာဖွံ့ ဖြိုးရေး ကြွေးကြော်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါပေမဲ့ ဒီဌာနက ကိုင်တွယ်ကျင့်သုံးရတဲ့ ဥပဒေမရှိသေးဘူး၊ မရှိသေးတော့ စက်မှုလယ်ယာစီမံကိန်းတွေ အကောင်အထည်ဖော်တာမှာ အခက်အခဲတွေ အများကြီးရှိတယ်။” လို့ ဦးကျော်ဆွေက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း လယ်ယာကဏ္ဍရဲ့ ကုန်ထုတ်စွမ်းအား တိုးမြှင့်ဖို့၊ တောင်သူတွေရဲ့ ဝင်ငွေတိုးတက်ဖို့နဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်လာတယ်လို့လည်း ပြောပါတယ်။

စက်မှုလယ်ယာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နှစ်ပေါင်း ၁၀၀ ကျော် လုပ်ကိုင်လာပြီး အဆင့်ဆင့်တိုးတက်ပြောင်းလဲ လာခဲ့ပေမယ့် ရေရှည်အကောင်အထည်ဖော်နိုင်ဖို့ သီးခြားဥပဒေမူဘောင် မရှိသေးတာက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီဥပဒေပြဌာန်းလိုက်ရင် လယ်ယာကုန်ထုတ်စွမ်းအားတွေ မြင့်လာမှာ ဖြစ်သလို သီးနှံထွက်နှုန်းတွေ တက်လာတာ၊ ဆည်ရေသောက် ဧရိယာတွေ တိုးလာတာ၊ ရေအသုံးချမှု ပိုထိရောက်လာတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ လျော့ကျလာတာ၊ တောင်သူတွေ ဝင်ငွေ မြင့်တက်လာတာနဲ့ နိုင်ငံတကာဈေးကွက်မှာလည်း ယှဉ်ပြိုင်နိုင်လာမှာ ဖြစ်တယ်လို့ အဆိုတင်သွင်းသူ ဦးကျော်ဆွေက ပြောဆိုပါတယ်။

#ခေတ်မီစက်မှုလယ်ယာစနစ်

#ကူးပြောင်းနိုင်ရေး

#စက်မှုလယ်ယာ

#စိုက်ပျိုးရေး

#စီးပွားရေး

#တောင်သူတွေ

#ကုန်ထုတ်လုပ်မှု

#သီးနှံအထွက်နှုန်း

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin