Language:

YASEC မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အခြေအနေများကို AMATA တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေး


YASEC မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အခြေအနေများကို AMATA တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေး

၂၅ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation Public Company Limited မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ Yangon AMATA Smart and Eco City (YASEC) စီမံကိန်းအခြေအနေတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ AMATA Corporation တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ စက်တင်ဘာ (၂၄) ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး AMATA Corporation Public Company Limited ၏ Chief Marketing Officer နဲ့ Yangon AMATA Smart and Eco City Ltd. ၏ မန်နေဂျင်ဒါရိုက်တာ Mr. Yasuo Tsutsui ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာသံအမတ်ကြီးကို YASEC မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ လက်ရှိလုပ်ငန်းစဉ်များကို AMATA Corporation ဘက်က ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

AMATA Corporation အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းများအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Yangon AMATA Smart and Eco City (YASEC) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စမတ်နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံမူများကို အသုံးပြုပြီး ဖော်ဆောင်ရန် စီစဉ်ထားတဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက် AMATA Corporation နှင့် မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#YASEC

#မြို့ပြဖွံ့ဖြိုးရေး

#AMATA

#ထိုင်းနိုင်ငံ

#မြန်မာသံအမတ်ကြီး

#တွေ့ဆုံဆွေးနွေး

#စီမံကိန်း

#ရင်းနှီးမြှုပ်နှံမှု

#စီးပွားရေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin