၂၃ ဖေဖော်ဝါရီ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
၂၀၂၂ ခုနှစ် သြဂုတ်လက ဖတ်ချာနာဘူရီခရိုင်မှာ အကြွေးရှင်ကို အဆိပ်ခတ်သတ်ခဲ့မှုအတွက် အသက် ၃၉ နှစ် အရွယ် ဆာရာရတ်ရန်စီဝူသာပွန် (ခေါ်)ဆိုက်ယမ်းနိုက် အဆိပ်မယ်ကို ထိုင်းရာဇဝတ်မှုဆိုင်ရာ တရားရုံးကနေ ဖေဖော်ဝါရီ ၂၂ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
ဆာရာရတ် ရန်စီဝူသာပွန် (ခေါ်)ဆိုက်ယမ်းနိုက် အဆိပ်မယ်ဟာ ချန်တာရာရတ် ဝေါင်းကရိုင်စင်လို့ အမည်ရတဲ့ အသက် ၄၃ နှစ် အရွယ် tကြွေးရှင် အမျိုးသမီးကို ကြိုတင်ကြံစည်ပြီး သတ်ဖြတ်ခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅ ရက်က ဖတ်ချာဘူရီ ခရိုင် ချာအမ်ဒေသရှိ ဓာတ်ဆီ တစ်ဆိုင်ရဲ့ စားစရာဆိုင်မှာ ချန်တာရာရတ်ရဲ့ စားစရာ သို့မဟုတ် သောက်စရာထဲသို့ ဆာရာရတ်က ဆိုက်ယမ်းနိုက် အဆိပ်တွေ ထည့်ခဲ့ကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ချန်တာရာရတ်ကို အဆိုပါ ဓာတ်ဆီဆိုင်အနီးရှိ သူ့ရဲ့ အိမ်မှာ သတိလစ်နေတာကို သူ့အမျိုးသားက တွေ့ရှိခဲ့ပြီး သူ့ကို ချာအမ်ဆေးရုံသို့ အလျင်အမြန်တင်ပို့ခဲ့ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ် မတိုင်ခင် ဆာရာရတ်ဟာ ချန်တာရာရတ်ဆီက ဘတ် ၉၀၀၀၀ ချေးယူထားတာဖြစ်ပြီး သူ့ကိုသတ်ဖြတ်တာဟာ အကြွေးတွေ ပျောက်သွားစေဖို့ ရည်ရွယ်တာပါလို့ တရားရုံးက ပြောကြားပါတယ်။
အသတ်ဖြတ်ခံရသူ အမျိုးသမီးရဲ့ အမျိုးသားအား ဘတ် ၆၀၀၀၀ သန်းနဲ့ အတိုးနှုန်း ပြန်ပေးဖို့လည်း တရားရုံးက ဆာရာရတ်အပေါ် အမိန့်ချမှတ်ခဲ့ပါတယ်။
အကြွေးရှင်တွေ မိတ်ဆွေသူငယ်ချင်းတွေကို အဆိပ်ခတ်သတ်ဖို့ ဆိုက်ယမ်းနိုက်အဆိပ် အသုံးပြုတဲ့ လူတွေ တောက်လျောက်သတ်တဲ့ လူသတ်သမား ဆာရာရတ်အတွက် ဒါက စတုတ္ထမြောက် သေဒဏ်ဖြစ်ပြီး အရင်ကသေဒဏ်နှစ်ကြိမ်ကို တစ်သက်တစ်ကျွန်းထောင်ဒဏ်အဖြစ် ပြောင်းလဲပေးခဲ့ပြီး သူဟာ အခြားလူသတ်မှု ၃ မှုအတွက် တရားသေ လွတ်မြောက်ခဲ့ပါတယ်။
ဆာရာရတ်ဟာ ကြိုတင်စီစဉ်ပြီး လူသတ်မှု၊ အစားအစာထဲ အဆိပ်ခတ်မှုနဲ့ စာရွက်စာတမ်းတွေ အတုပြုလုပ်မှု အပါအဝင် ဥပဒေချိုးဖောက်မှု ၇၅ မှုနဲ့ စွဲချင်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဆိပ်မယ်ရဲ့ ၈ နှစ်အတွင်း လူသတ်မှုတွေဟာ ၂၀၂၃ ခုနှစ် ဧပြီလ လလယ်ပိုင်းက ထွက်ပေါ်လာခဲ့ကာ သူသတ်ပစ်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် သီရိပွန် ခန်ဝေါင်ရဲ့ မိသားစုက ဆာရာဆတ်ကို စွဲချက်တင်ပေးဖို့ ရာဇဝတ်မှုနှိမ်နှင်းရေး တပ်ဖွဲ့ထံ လျောက်ထားခဲ့ပြီး သိရိပွန်ရဲ့ အလောင်းကို ထပ်ပြီး စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သီရိပွန်ဟာ ရတ်ချာ လူရီခရိုင် ဘန်ပွန်းဒေသက မြစ်တစ်မြစ်မှာ သင်္ကြန်ကာလ ငါးသွားလွှတ်နေချိန် သတိလစ်သွားခဲ့ပြီး နောက်ပိုင်းမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပထမဆုံး အလောင်း စစ်ဆေးမှုက သူဟာ ဓမ္မတာ အတိုင်း သေဆုံးတာ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့မိသားစုက အဲဒီအဖြေကို စုံစမ်းပြီး ဒုတိယ တစ်ကြိမ် စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ ပါတယ်။
ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံရဲ့ သေမှုသေခင်း စစ်ဆေးဌာနက ကနဦး ရလဒ်မှာ သူ့ရဲ့ သွေးကြောတွေထဲ ဆိုက်ယမ်းနိုက် အဆိပ်တွေ ရှိနေကြောင်း ဖော်ပြခဲ့ ပါတယ်။
ဆာရာရတ်ဟာ သိရိပွန်နဲ့ နောက်ဆုံး တွေ့လိုက်ရသူ ဖြစ်တာကြောင့် သူဟာ အဓိက သံသယရှိသူ ဖြစ်လာခဲ့ ပါတယ်။
နောက်ပိုင်း စုံစမ်းစစ်ဆေးမှု ပိုမို ကျယ်ပြန့်လာချိန်မှာ အဆိပ်ခတ် သတ်ဖြတ်ခံရသူ အရေအတွက် ပိုများနေတာ တွေ့ရှိခဲ့ ပါတယ်။
လူသေဆုံးမှု ၁၄ခုဟာ ဆာရာရတ်နဲ့ ဆက်နွယ်နေတယ်ဆိုတာ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိပ်ခတ်ခံရသူ တစ်ဦး အသက်ရှင် လွတ်မြောက်ခဲ့ ပါတယ်။
အဆိပ်မယ် ဆာရာရတ်ဟာ ၂၀၁၅ ကနေ ၂၀၂၃ အတွက် လူတွေ တောက်လျောက် သတ်ဖြတ်လာခဲ့ပြီး ခရိုင် ၈ခုမှာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က လူသတ်ပြီး ငွေတွေ ယူဖို့ သူတို့ကို ပေးစရာရှိတဲ့ အကြွေးတွေ ရှင်းသွားအောင် သတ်ဖြတ်တာ ဖြစ်ပါတယ်။
သူဟာ အွန်လိုင်း လောင်းကစား အကြီးအကျယ် လုပ်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ သူက စားစရာ သောက်စရာတွေထဲမှာ ဆိုက်ယမ်းနိုက် အဆိပ် ရောထည့် လိုက်ပြီး နှလုံးဖောက်ပြီး သေသယောင် လူတွေကို သတ်ဖြတ်တာ ဖြစ်ပါတယ်။
၂၀၂၀ က ဖြစ်ရပ် တစ်ခုမှာ သူက လူသတ်ဖို့ ကိုယ်အလေးချိန် လျှော့ချရေးဆေးတွေ သုံးခဲ့ပါတယ်။
သူသတ်မယ့် လူတွေတွေကို အဆိပ်ခတ်ပြီးနောက် သက်သေ အထောက်အထားတွေ ဖျောက်ဖျက်ဖို့ လက်ကိုင်ဖုန်းတွေ အပါအဝင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူပြီး သူ့အတွက် ငွေရအောင် သေဆုံးသူတွေရဲ့ မိသားစုတွေဆီ စာရွက်စာတမ်း အတုတွေနဲ့တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

