Language:

ချင်းရိုင် မဲဆွိုင်–ဝီယန်းပါဖေါ ဒေသစပ်အကြားမှာ လူသားအရိုးစုနဲ့အတူ မြန်မာနိုင်ငံသား အထောက်အထားများတွေ့ရှိ


ချင်းရိုင် မဲဆွိုင်–ဝီယန်းပါဖေါ ဒေသစပ်အကြားမှာ လူသားအရိုးစုနဲ့အတူ မြန်မာနိုင်ငံသား အထောက်အထားများတွေ့ရှိ

၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မဲဆွိုင်ခရိုင်နဲ့ ဝီယန်းပါဖေါခရိုင်ကြား ဒေသအစပ်မှာ လူသားအရိုးစုတစ်ခု တွေ့ရှိခဲ့ပြီး ၎င်းနေရာ၌ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ မြန်မာနိုင်ငံသားတစ်ဦးအမည်ပါ အထောက်အထားကတ်များ တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းများအရ သိရပါတယ်။

အဆိုပါ လူသားအစုတွေ့ရှိမှုနဲ့ ပတ်သက်ပြီး မဲဆွိုင်ရဲစခန်းမှ ဆယမ်မဲဆွိုင် ကယ်ဆယ်ရေးဖောင်ဒေးရှင်းထံ အကူညီတောင်းခံခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အခင်းဖြစ်ရာကို သွားရောက် စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

မဲဆွိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများ၊ မဲဆွိုင်ဆေးရုံမှ တာဝန်ကျ ဆရာဝန်၊ ချင်းရိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ မှုခင်းသက်သေခံဌာနမှ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးခဲ့ကာ တွေ့ရှိတဲ့ ပစ္စည်းတွေနဲ့ သက်သေခံအထောက်အထားများကို စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

ထိုအရိုးစုတွေ့ရှိတဲ့ နေရာမှာ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ အထောက်အထားကတ်များ အပါအဝင် ပစ္စည်းအချို့ကို တွေ့ရှိခဲ့ပြီး အထောက်အထားကတ်မှာ မစ္စတာ ဂျိုင်းဂျာဘိုဟု အမည်ဖော်ပြထားကာ မြန်မာနိုင်ငံသားဖြစ်နေပါတယ်။

ယင်းနေရာမှာ တွေ့ရှိတဲ့ အရိုးစုမှာ အဆိုပါ အထောက်အထားပိုင်ရှင် ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးသဖြင့် အရိုးစုကို ချင်းရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ မှုခင်းဆေးပညာဖြင့် စစ်ဆေးနေပြီး အရိုးစု၏ အထောက်အထားနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် ဆက်လက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်အထိ အထောက်အထားကတ်မှာ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်ရဲ့ မိသားစုဝင်များကိုလည်း ဆက်သွယ်ရှာဖွေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တာဝန်ရှိသူများက အဆိုပါသေဆုံးမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး မှုခင်းဆေးပညာစစ်ဆေးချက်များနှင့် အခြားသက်သေအထောက်အထားများ မရရှိသေးမီအထိ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

#ချင်းရိုင်မဲဆွိုင်

#ဝီယန်းပါဖေါ

#ဒေသစပ်အကြား

#လူသားအရိုးစု

#မြန်မာနိုင်ငံသား

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin