Language:

မြန်မာနဲ့ အိန္ဒိယတို့အကြား ၂၀၂၆-၂၇ ဘဏ္ဍာနှစ် စီမံချက် ၅ ခု အကောင်အထည်ဖော်ဖို့ အိန္ဒိယက ကန်ဒေါ်လာ ၂ သိန်းကျော် ပေးအပ်


မြန်မာနဲ့ အိန္ဒိယတို့အကြား ၂၀၂၆-၂၇ ဘဏ္ဍာနှစ် စီမံချက် ၅ ခု အကောင်အထည်ဖော်ဖို့ အိန္ဒိယက ကန်ဒေါ်လာ ၂ သိန်းကျော် ပေးအပ်

၁၂ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)

NPW

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့အကြား ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ အကျိုးဖြစ်ထွန်းစေမယ့် စီမံချက် ၅ ခုကို မြန်ဆန်စွာ အကောင်အထည်ဖော်ဖို့ (Quick Impact Prodects-QIP) နားလည်မှု စာချွန်လွှာကို စက်တင်ဘာ (၁၁)ရက်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ စီမံချက် ၅ ခုမှာ မီဒီယာသင်ကြားရေးစင်တာ တည်ထောင်ခြင်းစီမံချက်၊ ငလျင်ဒဏ်သင့် ကျေးလက်ဒေသတွေအတွက် နေရောင်ခြည်စွမ်းအင်သုံး စီမံချက်၊ ဗဟိုသင်တန်းကျောင်းမှာ သင်ကြားရေး ကိရိယာတွေအဖြစ် အသုံးပြုဖို့ ဆောက်လုပ်ရေး စက်ယန္တရား မောင်းနှင်လေ့ကျင့်ရေးစက်နဲ့ အင်ဂျင်ပုံစံငယ်ဖြတ်ပိုင်း ဝယ်ယူခြင်းစီမံချက်နဲ့ ဗဟိုသင်တန်းကျောင်းမှာ အသုံးပြုဖို့ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ယန္တရားတွေအတွက် လေ့ကျင့်သင်ကြားရေး သင်ထောက်ကူပစ္စည်းဝယ်ယူရေး စီမံချက် နားလည်မှုစာချွန်လွှာနဲ့ မာန်အောင်ရတနာ ဘုရားထိန်းသိမ်းခြင်းစီမံချက် နားလည်မှုစာချွန်လွှာတို့ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းစီမံချက်တွေပါဝင်တဲ့ နားလည်မှုစာချွန်လွှာ ၅ ခုအနေနဲ့ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၄၀၆၈ ရှိပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်တွေပါဝင်တဲ့ စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေး ပူးတွဲကော်မတီတွေ ဖွဲ့စည်းပြီး ကြီးကြပ်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရက ယခု QIP စီမံချက် ၅ ခုအပြင် နောက်ထပ် စီမံချက် ၅ ခုကိုလည်း ထပ်မံအကူအညီပေးသွားမှာ ဖြစ်ပြီး အဆိုပါ စီမံချက် ၁၀ ခုကို ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

#မြန်မာနဲ့အိန္ဒိယ

#စီမံချက်၅ခု

#အကောင်အထည်ဖော

#အိန္ဒိယ

#ကန်ဒေါ်လာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin