Language:

နိုင်ငံ့စွမ်းအင်ရရှိတဲ့ အခြေအနေတွေ တည်ငြိမ်စပြုလာလို့ မော်တော်ယာဉ်များ စုံ/ မ စနစ်နဲ့ သွားလာခွင့် ဖျက်သိမ်း


နိုင်ငံ့စွမ်းအင်ရရှိတဲ့ အခြေအနေတွေ တည်ငြိမ်စပြုလာလို့ မော်တော်ယာဉ်များ စုံ/ မ စနစ်နဲ့ သွားလာခွင့် ဖျက်သိမ်း

၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

NPW

နိုင်ငံ့စွမ်းအင်ရရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တည်ငြိမ်စပြုလာလို့ မော်တော်ယာဉ်တွေ စုံရက်/ မရက် ခွဲခြားသွားလာတဲ့ စနစ်ပယ်ဖျက်လိုက်ပြီလို့ နိုင်ငံတော်သမ္မတရုံးက ယနေ့ စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အရှ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီ ချွေတာရေးအနေနဲ့ မော်တော်ယာဉ်တွေကို စုံ/မ စနစ်နဲ့ သွားလာခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်က စတင်ကာ ယနေ့ စက်တင်ဘာ ၉ ရက်ထိ ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

“လက်ရှိမှာတော့ နိုင်ငံ့စွမ်းအင်နဲ့ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စပြုလာပြီမို့ လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်တွေ စုံရက်/ မရက် ခွဲခြားမောင်းနှင်ရတဲ့ စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။”လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

အခုလို မော်တော်ယာဉ်တွေ စုံရက်/ မ ရက် သွားလာခွင့် ပယ်ဖျက်ပေးလိုက်ပေမယ့် စွမ်းအင်လုံခြုံရေးအတွက် QR ကုဒ်နဲ့ ဓါတ်ဆီဖြည့်ရတဲ့ စုံရက်/ မရက် စနစ်ကိုတော့ ဆက်လက်ကျင့်သုံးသွားမှာဖြစ်လို့ ပူးပေါင်း ပေးကြပါလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီကို နှစ်စဉ် အမေရိကန်ဒေါ်လာ (၅)ဘီလီယံခန့် တင်သွင်းနေရပြီး မော်တော်ယာဉ်တွေကို စုံရက်၊ မရက် သတ်မှတ် မောင်းနှင်စေကာ၊ ဗုဒ္ဓဟူးနေ့တိုင်း Work from Home ဆောင်ရွက်ခဲ့တာတွေကြောင့် တစ်ရက်ကို စက်သုံးဆီ သန်း ၁ ဒသမ ၂ ဂါလံ သက်သာခဲ့တာပါ။

အဲ့ဒီအတွက် တစ်ရက် အမေရိကန် ဒေါ်လာ ခုနှစ်သန်း၊ တစ်လကို ဒေါ်လာသန်း ၂၁၀ ခန့်သက်သာခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော် သက်သာခဲ့တယ်လို့ ဇူလိုင် ၃၁ ရက် အစိုးရရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

#နိုင်ငံ့စွမ်းအင်

#မော်တော်ယာဉ်

#စုံ/မစနစ်

#စက်သုံးဆီ

#နိုင်ငံတော်သမ္မတရုံး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin