Language:

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတွေ ရန်ကုန်ကို လာရောက်မည်


မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတွေ ရန်ကုန်ကို လာရောက်မည်

၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

အင်္ဂလန် ပရီးမီးယားလိဒ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ ပက်ထရစ် အီဗရာ၊ ဒီမီတာ ဘာဘာတော့ဗ်နဲ့ အန်ဒါဆန်တို့ဟာ လာမယ့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ကို လာရောက်ဖို့ ရှိနေပါတယ်။

တချိန်တုန်းက မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်ဆုံးအချိန်ကာလတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ အီဗရာနဲ့ ဘာဘာတော့ဗ်တို့ကတော့ မန်ယူအသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေဟာ ရန်ကုန်မြို့ကို လာရောက်တော့မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို “Legendary Players in Yangon” လို့ အမည်ပေးထားပြီး The Garden Agency က စီစဉ်ထားကာ Meet and Greet အစီအစဉ်ကို အောက်တိုဘာလ ၃၀ ရက်၊ ၃၁ ရက်နဲ့ နိုဝင်ဘာလ ၁ ရက်တို့မှာ ကျင်းပသွားမှာပါ။

တွေ့ဆုံပွဲကို Melia Hotel ရဲ့ Grand Ballroom မှာ အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာ ၁ ရက် အခမ်းအနားကိုတော့ Yangon Convention Centre မှာ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲအခမ်းအနားမှာ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပြီး ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ လုဖရင်း၊ ထွန်းထွန်း (Examplez)၊ ဝိုင်းစုခိုင်သိန်းနဲ့ ရဲလေးတို့က ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

မန်ယူပရိသတ်တွေအတွက်တော့ ကိုယ်အားပေးခဲ့ရတဲ့ ဂန္ထဝင်ကစားသမားတွေကို အနီးကပ်တွေ့ဆုံခွင့်ရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တာကြောင့် ရန်ကုန်မြို့ခံ မန်ချက်စတာယူနိုက်တက် အမာခံပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ခုလည်းဖြစ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက်

#ဂန္ထဝင်ကစားသမားတွေ

#ရန်ကုန်

#အားကစား

#ဘောလုံး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin