Language:

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိသူ တစ်ထောင်ကျော် ပြန်ခေါ်မယ်


မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိသူ တစ်ထောင်ကျော် ပြန်ခေါ်မယ်

၃ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)

NPW

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တဲ့အတွက် ပြစ်ဒဏ်ကျခံပြီး ပြန်လာဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို နိုင်ငံ့အစိုးရက ပြန်လည်ခေါ်ဆောင်ပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပြစ်ဒဏ်ကျခံပြီးသူအနေနဲ့ မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ (၁၄၇၆)ဦးကို မြန်မာအစိုးရက ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ တပ်မတော်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်ရန် စီစဉ်ထားခဲ့သည်။

မလေးရှားအစိုးရနဲ့ ညှိနှိုင်းခဲ့ပေမယ့် မလေးရှားအစိုးရရဲ့ ပြန်လည်အဆိုပြုချက်အရ စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ခရီးစဉ်ကို ပြန်လည်စီစဉ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုလို မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် ပြစ်ဒဏ်ကျခံပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားစိစစ်ပြီးသူ(၁၀၈၆)ဦးကိုလည်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အခုလို ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေနဲ့ ဒုက္ခကြုံတွေ့နေရတဲ့ နိုင်ငံသားတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးတွေကတစ်ဆင့် လိုအပ်တဲ့ ကောင်စစ်ရေးရာကူညီစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

#တရားမဝင်

#ထိန်းသိမ်းရေးစခန်း

#လူဝင်မှုကြီကြပ်ရေး

#မလေးရှား

#နှစ်နိုင်ငံအစိုးရ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin