Language:

အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်


အရှေ့သံလွင်မီဒီယာရဲ့ အားကစားသတင်း ပွဲကြိုခန့်မှန်းချက်

၂၉ ဩဂုတ်လ ၂၀၂၆ (Eastren Thanlwin)

Nc

စပါး vs နယူးကာဆယ်

မန်ယူကုန်လို့ စပါးဝုန်း အိမ်ပါအကုန်ဆုံးစေခဲ့တဲ့ ဒီဇာဗီရဲ့ စပါးအသင်းဟာ ဇာဗီဆိုင်မွန်၊ ကူလူဆက်ဗ်စကီးနဲ့ အိုဒိုဘတ်တို့ ဒဏ်ရာကြောင့် သေချာပေါက်လွဲချော်မှာဖြစ်ပြီး မက်ဒီဆင် ၊ မာတာဆာနဲ့ ကူဒူးစ်တို့က ကြံ့ခိုင်မှုအခြေအနေအရ ပါဝင်လာမလားဆို စောင့်ကြည့်ရမဲအနေအထားပါ။

လီဗာပူးနဲ့ပွဲ နောက်ဆုံးမိနစ် ပယ်နယ်တီကြောင့် အမှတ်ခွဲပေးလိုက်ရတဲ့ နယူးကာဆယ်အသင်းမှာ ဒန်ဘန်း၊ ဂျိုလင်တန်၊ လစ်ဗရာမန်တိုနဲ့ အိုဆူလာတို့ ဒဏ်ရာကြောင့် ပါလာမှာအဟုတ်သလို တူရေးကတော့ ပါမပါမသေချာသေးပါဘူး။

အသင်းကို စိတ်ကြိုက်ပြုပြင်ခွင့်ရထားတဲ့ ဒီဇာဗီရဲ့ စပါးဟာ ဘောလုံးကိုင်ကစားတာကောင်းပင်မဲ့ ကစားသမားသစ်တွေ တစ်ပြိုင်တည်း ထည့်သုံးတဲ့အကျိုးဆက်အနေနဲ့ ကစားသမားအချင်းချင်း နားလည်မှုပျောက်ဆုံးနေခဲ့ပြီး ဒီဇာဗီအားသန်တဲ့ နောက်တန်းကနေ ကစားကွက်စတည်ချိန်တွေမှာလည်း ကွင်းလယ်က Physicality ပိုင်း အားနည်းပြီး ပြိုင်ဘက်ရဲ့ Pressing ဒဏ်ကိုမခံနိုင်တဲ့ အားနည်းချက်တွေရှိနေသေးတာပါ။ချာတန်နဲ့ပွဲမှာတော့ ဘရက်ဖိုဒ်ရပွဲက လိုအပ်ချက်တွေကို ပြုပြင်နိုင်ပြီး ဂိုးပြတ်နိုင်ခဲ့ပေမယ့် အသင်းအနေအထား ကွာခြားလွန်းတာကို ထည့်တွက်ထားသင့်ပါတယ်။

နယူးကာဆဲလ်အသင်းက နည်းပြယိုက်စ်လေရဲ့ အားသာတဲ့ High Pressing၊ Quick Transition နဲ့ counter Attack ဆိုတဲ့ နည်းစနစ်နဲ့ အံ့ဝင်မှုရှိနေတဲ့ အနေအထားတစ်ခုပါ။ ကွင်းလယ်မှာ ဂူမာရက်နဲ့ တိုနာလီတို့ ထွက်ခွါသွားတာ သိပ်မသိသာဘူးလို့ ထင်စရာရှိအောင် ကစားနိုင်နေပေမယ့် လီဗာပူးလ်နဲ့ပွဲကလို မိုးထဲရေထဲလိုအနေအထားရောက်လာရင် တိုနာလီမရှိတော့တဲ့ အားနည်းချက်က သိသာလာပါတယ်။

ဒီဇာဗီရဲ့စပါးက ဘောလုံးကိုင်ကစားရတာအားသာပြီး Pressing နဲ့ Quick Transition တွေကို ဖြေရှင်းဖို့အားနည်းတဲ့အသင်း၊ ယိုက်စ်လေရဲ့ နယူးကာဆဲလ်က Transition နဲ့ counter Attackအားသာပြီး possession အားနည်းတဲ့အသင်းဖြစ်နေတာကြောင့် နှစ်သင်းထိတ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာဖြစ်လို့နေပြီး သရေကိုများ ဦးတည်နေမလား မဖြစ်မနေ အနိုင်သတ်မှတ်ရမယ်ဆိုရင်တော့ စပါးဘက်မှာ ယောင်ယောင်လေးရှိနေမယ်ထင်မိလို့ ၂-၂၊ ၃-၂ ပေါ့

ဆက်စပ်သတင်းများ

Eastern Thanlwin