Language:

နီပေါလ်မှာ ရေကြီးချိန် မြစ်ရေနဲ့ အတူမျောပါလာတဲ့ မီးခံ သေတ္တာထဲက ရူပီး ၉၂သိန်း တွေ့ရှိပြီး လူ ၂၉ဦး ဖမ်းဆီးခံထားရ


နီပေါလ်မှာ ရေကြီးချိန် မြစ်ရေနဲ့ အတူမျောပါလာတဲ့ မီးခံ သေတ္တာထဲက ရူပီး ၉၂သိန်း တွေ့ရှိပြီး လူ ၂၉ဦး ဖမ်းဆီးခံထားရ

ဗကြီး

၂၉ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)

နီပေါလ်နိုင်ငံမှာ ဆိုးရွားလှပြီး လူအသေအပျောက်များတဲ့ ရေကြီးရေလျှံမှုများအတွင်း ထူးဆန်းတဲ့ ခိုးမှုတစ်ခုပေါ်ပေါက်ခဲ့ပြီး မြစ်ရေနဲ့အတူ မျောပါလာတဲ့ မီးခံသေတ္တာတစ်ခုထဲက ရူပီး ၉၂သိန်းတွေ့ရှိခဲ့ပြီး လူ ၂၉ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဒေသခံများက အဆိုပါ မီးခံသေတ္တာအား ချိုးဖျက်ဖွင့်ပြီး ငွေတွေကို ယူထားတယ်ဆိုတဲ့ စွပ်စွဲမှုများရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒါဒင်းဒေသ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါမီးခံသေတ္တာဟာ ရာဆူဝါပြည်နယ် ဘိုတီကိုရှိ ဒေသကဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ရေနဲ့ မျောလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြောင်းအတိုင်း မျောပါလာပြီးနောက် ထရီရှူလီ မြစ်တလျောက် ဘယ်လ်ခူကိုလာ ဒေသအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ မီးခံသေတ္တာအား ဒေသခံများတွေ့ရှိပြီးနောက် ချိုးဖျက်ဖွင့်ပြီး အထဲက ငွေသားများကို ရယူထားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။

သတင်းအရ ရဲတပ်ဖွဲ့က အဆိုပါဒေသသို့ သွားရောက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အနီးအနား ဒေသခံများ ပါဝင်နေပြီး ရဲတပ်ဖွဲ့က အခုအချိန်မှာ အဆိုပါ ငွေသားတွေရဲ့ မူလ ဇစ်မြစ်ကို စုံစမ်း စစ်ဆေးနေပါတယ်။

နီပေါလ် ရေဘေးအတွင်း ရေဘေးသင့်သူ တစ်ယောက်ရဲ့ အလောင်းပါဝင်တဲ့ နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပွားခဲ့ ပါတယ်။

နာရာယာနီမြစ်ထဲ ရေစီးနဲ့ မျောပါလာတဲ့ အမျိုးသမီးအလောင်းတစ်လောင်းဆီက ရွှေလက်ဝက်လက်စားတွေ ချွတ်ယူနေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့က လူ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကြောင့် လူမှုမီဒီယာမှာ လူအများ ဒေါသထွက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုများနဲ့ မြေပြိုမှုများကြောင့် လူ ၆၂၆ဦး သေဆုံးပြီး အခြား ၂၄၂၆ဦး ပျောက်ဆုံးနေချိန် အခွင့်အရေး သမားတွေက အထက်ပါ အတိုင်း ကိုယ်ကျိုးရှာကြတာ ဖြစ်ပါတယ်။

#သဘာ၀ဘေး

#ရေကြီးရေလျှံမှု

#နီပေါလ်

#မြေပြိုမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin