Language:

နိုင်ငံအနှံ့မိုးရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုး/ဇလ သတိပေး


နိုင်ငံအနှံ့မိုးရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုး/ဇလ သတိပေး

၂၆ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ဖိုးစည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနိုင်ပြီး အပူပိုင်းမုန်တိုင်း “နာရာ” (NA RRA)မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်များကြောင့် ဩဂုတ်လ (၃၀)ရက်အထိ နိုင်ငံတစ်ဝန်းမိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက ဒီကနေ့ မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါတယ်။

မိုး/ဇလရဲ့ သတိပေးချက်အရ ဒီကနေ့ ဩဂုတ်လ (၂၆) ရက် မနက်ပိုင်းကနေ လာမယ့် ဩဂုတ်လ (၃၀) ရက်အထိ တိုင်းနံ့ပြည်နယ် (၁၄) ခုစလုံးမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး တိုင်းနဲ့ ပြည်နယ်အချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

အဲဒီလို မိုးကြီးနိုင်တယ်လို့ သတိပေးထားတဲ့အထဲမှာ လက် ရှိ ရေဘေးကြုံနေရတဲ့ ဧရာဝတီတိုင်း နဲ့ ကရင်ပြည်နယ်လည်း ပါဝင်နေပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး ၊ မွန်၊ တနင်္သာရီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် မိုးးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြု နေထိုင်ကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

#ရာသီဥတု

#မိုးကြီးမည်

#ရေဘေးအန္တရာယ်

#သဘာဝဘေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin