Language:

၁၉၉၀ ထုတ် ၁၀ ဘတ်တန် ဒင်္ဂါးပြားအား ဘတ် ၂ ဒဿမ ၅၄ သန်းနဲ့ လေလံတင်ရောင်းချ


၁၉၉၀ ထုတ် ၁၀ ဘတ်တန် ဒင်္ဂါးပြားအား ဘတ် ၂ ဒဿမ ၅၄ သန်းနဲ့ လေလံတင်ရောင်းချ

၂၅ သြဂုတ်လ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

၁၉၉၀ ခုနှစ်က ထုတ်ထားတဲ့ ရှားပါး ထိုင်း ၁၀ ဘတ်တန်ဒင်္ဂါးပြားကို ဘတ် ၂ ဒဿမ ၅၄ သန်းနဲ့ လေလံတင်ရောင်းချလိုက်ပါတယ်။

၁၉၉၀ ပြည်နှစ်များက မုန့်ဖိုးငွေပေးခဲ့ဖူးတဲ့ ဒင်္ဂါးပြားဟာ ထိုင်းနိုင်ငံရဲ့ တန်ဖိုးအရှိဆုံး စုဆောင်းထားတဲ့ ဒင်္ဂါးပြားတွေထဲက တစ်ခုဖြစ်လာပါတယ်။

ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးဒင်္ဂါးပြား ဈေးကွက်အသစ်ကတစ်ဆင့် အဆိုပါဒင်္ဂါးပြားအား ပထမဆုံးအကြိမ်အနေနဲ့ လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ထိုင်း ရှေးဟောင်းဒင်္ဂါးပြားများအား ကမ္ဘာ့စံချိန်အတိုင်း ရောင်းချနိုင်ရေး အီလက်ထရွန်နစ် ပလက်ဖောင်းတစ်ခုကို သြဂုတ်လ ၂၄ ရက်က ရှေးဟောင်း ဒင်္ဂါးပြားများ လေလံတင်ရောင်းချမှု စတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဒင်္ဂါးပြားဟာ ၁၉၉၀ ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် ဒင်္ဂါးပြားညွှန်ကြားရေးမှူးများ ညီလာခံအတွက် အထိမ်းအမှတ်အနေနဲ့ ထုတ်ပေးခဲ့တဲ့ ဒင်္ဂါးပြားဖြစ်ပါတယ်။

ဒင်္ဂါးပြားဟာ ထိုင်းနိုင်ငံက ထုတ်ထားသမျှ အရှားပါးဆုံး ဒင်္ဂါးပြားတွေထဲက တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံးထုတ်တဲ့ ဒင်္ဂါးပြားတွေထဲက တစ်ခု ဖြစ်ပါတယ်။

အဆိုပါဒင်္ဂါးပြားမျိုး ၁၀၀ အထိပဲ ထိုင်းဒင်္ဂါးစက်ရုံက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒင်္ဂါးပြားများအနက် ပြည်ပပြပွဲတွေမှာ ခင်းကျင်းပြသထားတာ ၃၄ ပြားရှိပြီး လက်ရှိမှာ မင့်ပြတိုက်မှာ (၈)ပြား ရှိပါတယ်။

လေလံတင် ရောင်းချရာမှာ လေလံဆွဲမှု အကြိမ် ၅၂ ကြိမ် ရှိခဲ့ပြီး ၁၀ မိနစ်နဲ့ ၃၉စက္ကန့် အကြာမှာ ဘတ် ၂ ဒဿမ ၅၄ သန်းနဲ့ ရောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။

လေလံအောင်သွားသူဟာ ဒင်္ဂါးပြားပညာရှင် ၊ ဒင်္ဂါးပြားစုဆောင်းသူ၊ လူသိများသူ နတ်သာခွန်အက်ကာရာမာနီဖြစ်ကြောင်း သိရပါတယ်။

#ဒင်္ဂါးပြား

#ထိုင်းဘတ်

#အီလက်ထရွန်နစ်

#လေလံတင်ရောင်းချမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin