Language:

မူးယစ်သံသယရှိသူကို ဖမ်းဆီးရာ ဖခင်ဖြစ်သူက ဗုံးနဲ့ပစ်ပေါက်ခုခံတဲ့အတွက် စနစ်တံ ချို့ယွင်းချက်ဖြစ်ပြီး တရားခံသေဆုံး


မူးယစ်သံသယရှိသူကို ဖမ်းဆီးရာ ဖခင်ဖြစ်သူက ဗုံးနဲ့ပစ်ပေါက်ခုခံတဲ့အတွက် စနစ်တံ ချို့ယွင်းချက်ဖြစ်ပြီး တရားခံသေဆုံး

၁၈ သြဂုတ် ၂၀၂၆ (Eastern ThanLwin)

ကိုရဲ

ထိုင်းနိုင်ငံ ချင်းရိုင်မြို့နယ် ဟွိုင်ချွမ်ဖူခရိုင် အမှတ်(၉)ကျေးရွာတွင် ဩဂုတ်လ (၁၈)ရက်နေ့ နံနက် (၇) နာရီခန့်က မူးယစ်ဆေးဝါးကွန်ရက်နှင့် ဆက်နွယ်နေတဲ့ သံသယရှိသူကို မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

သံသယရှိသူဘက်မှ ဖမ်းဆီးခံရန် ငြင်းဆန်ပြီး ရဲတပ်ဖွဲ့ကို သေနတ်ဖြင့် ပြန်လည်ခုခံပြီး တရားခံရဲ့ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ဝင်များထံသို့ လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ရန် ကြိုးစားခဲ့သော်လည်း ဗုံးသည် ချို့ယွင်းချက်ဖြစ်သွားပြီး သူ့အနီးတွင် ပေါက်ကွဲသွားခဲ့တာကြောင့် အခင်းဖြစ်နေရာမှာပင် ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်။

ရဲတပ်ဖွဲ့ဝင်များဘက်သို့ ပစ်ပေါက်ရန် ယူဆောင်လာခဲ့သည့် လက်ပစ်ဗုံးမှာ ချွတ်ယွင်းမှုဖြစ်ပေါ်ပြီး ပစ်ပေါက်သူအနီးတွင် ပေါက်ကွဲသွားခဲ့ကာ ဗုံးစများကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ထိုဒေသရှိ အရေးပါသော မူးယစ်ဆေးဝါးရောင်းဝယ်သူဟု သတ်မှတ်ထားသည့် သံသယရှိသူကို ဖမ်းဆီးရန်အတွက် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို ထိန်းချုပ်ထားပြီး သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ကာ သက်သေခံ အထောက်အထားများနဲ့ သိမ်းဆည်းရမိသည့် မှုးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် အချက်အလက်များကို သက်ဆိုင်ရာဌာနများထံမှ အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

#မှုခင်း

#မူးယစ်တရားခံ

#လက်ပစ်ဗုံး

#ထိုင်းရဲတပ်ဖွဲ့

#ချင်းရိုင်းခရိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin