၁၂ နိုဝင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြစ်ဆိုင်ရေ အဆိပ်အတောက်ညစ်ညမ်းမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေက နိုဝင်ဘာ ၁၁ ရက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကတစ်ဆင့် အစိုးရထံ တောင်းဆိုစာ တင်ပြခဲ့ပါတယ်။ ဒေသခံတွေရဲ့ တောင်းဆိုချက်တွေမှာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအတွက် ရေသန့်ထုတ်လုပ်ရေးစက်တွေနဲ့ ရွေ့လျားရေသန့်ယာဉ်တွေ ပံ့ပိုးပေးဖို့၊ စိုက်ပျိုးမြေ ၆၀,၅၀၀ ရိုင်ခန့်အတွက် မြေဆီလွှာနဲ့ စိုက်ပျိုးထွက်ကုန်တွေကို အဆိပ်အတောက်ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပေးဖို့နဲ့ ဓာတ်ခွဲစစ်ဆေးရေးစင်တာ ဖွင့်လှစ်ပေးဖို့ ပါဝင်ပါတယ်။

